DVB Logo
Home
မြန်မာသတင်း
ဗဟန်းနှင့် အရှေ့ဒဂုံတွင် ရေထဲ လူသေ ၂ လောင်းတွေ့ရှိ
DVB
·
August 18, 2024
ဗဟန်းနှင့် အရှေ့ဒဂုံတွင် ရေထဲ လူသေ ၂ လောင်းတွေ့ရှိ
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်က ကန်တော်ကြီးရေပြင်မှာ အမျိုးသမီးငယ်အလောင်းနဲ့ အရှေ့ဒဂုံမြို့နယ်၊ ငမိုးရိပ်ချောင်းလက်တက်ထဲမှာ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအသင်းတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

ကန်တော်ကြီးရေပြင်၊ ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနားမှာ ဩဂုတ် ၁၇ ရက် မနက် ၁၀ နာရီလောက်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးရုပ်အလောင်းကို ပန်းခြံဝန်ထမ်းတွေ တွေ့ခဲ့လို့ ကယ်ဆယ်ရေးအသင်းတွေဆီက အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မိသားစုတွေတော့ လာကြတယ်။ DB (ရုပ်အလောင်းကို) လောလောဆယ် ဆေးရုံပို့ပေးထားပါတယ်။ သူက အလုပ်သင်ဆရာဝန်လို့ ပြောတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ ရန်ကုန်မြို့ကဆေးရုံတခုမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပန်းခြံထိုင်ခုံပေါ်မှာ ခေါက်ထီးအနီရောင်တလက်၊ အသားရောင် လက်ကိုင်အိတ်တလုံးနဲ့ ကြွပ်ကြွပ်အိတ်ထဲက ဖိနပ်တရန်ကိုပါ တွေ့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာကို ဗဟန်းရဲတပ်ဖွဲ့နဲ့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိဆယ်ယူခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဩဂုတ် ၁၈ ရက် မနက် ၉ နာရီလောက်မှာလည်း အရှေ့ဒဂုံမြို့နယ်နဲ့ လှည်းကူးမြို့နယ်အစပ်က ငမိုးရိပ်ချောင်းလက်တက်ထဲမှာ လူသေအလောင်းတခု တွေ့ရှိခဲ့လို့ မေတ္တာသင်္ဂဟအသင်းက ဆယ်ယူခဲ့ရပါတယ်။

အသင်းတာဝန်ရှိသူတယောက်က “အသက် ၄၀ ဝန်းကျင် အမျိုးသားရုပ်အလောင်းပါ။ လောလောဆယ် ပိုင်ရှင်မဲ့ပါ။ အရှေ့ဒဂုံအစပ်က ချောင်းထဲမှာ မျောလာလို့ သိရတာ” လို့ ပြောပါတယ်။

အဲဒီရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့တွေက စစ်ဆေးခဲ့ပြီး မြောက်ဥက္ကလာမေဓာဝီဆေးရုံဆီကို မေတ္တာသင်္ဂဟအသင်းပိုင်ယာဉ်နဲ့ ပို့ဆောင်ပေးထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013