DVB Logo
Home
မြန်မာသတင်း
ထီးလင်းနယ်ထဲ စစ်ကြောင်းဝင်သဖြင့် ကျေးရွာ ၇ ရွာစစ်ရှောင်နေရပြီး ပြည်သူ ၁ ဦး သေဆုံး
DVB
·
August 18, 2024
ထီးလင်းနယ်ထဲ စစ်ကြောင်းဝင်သဖြင့် ကျေးရွာ ၇ ရွာစစ်ရှောင်နေရပြီး ပြည်သူ ၁ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၇ ရွာ စစ်ဘေးရှောင်နေကြရပြီး စစ်ကြောင်းကပစ်ခတ်လို့ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို ထီးလင်း ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက်နေ့မှ မနက်ပိုင်းကစလို့ ထီးလင်းမြို့ ရွှေထီးခန်းမကနေ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အင်အား ၁၀၀ ကျော်ဟာ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းကြောင့် အုံးတွဲ၊ ကွမ်းဇဲ၊ ပုဏ္ဏား၊ ထန်းပင်တော၊ အညာတော၊ ကျောက်အုပ်၊ ကြာဥယာဉ် စတဲ့ ကျေးရွာ ၇ ရွာက ပြည်သူတွေလည်း အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကြောင်းကလက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကွမ်းဇဲရွာက အသက် ၃၅ နှစ်အရွယ် ကိုစိုးမင်းနိုင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “အင်အားက ၁၀၀ ဝန်းကျင်ပါမယ်။ ပျူစောထီး၊ ရဲ၊ စစ်သားတွေ ပါတယ်။ ရွာသားတွေက စစ်ကြောင်းနဲ့နီးရင် ရှောင်တယ်။ ဝေးရင် ပြန်ဝင်ကြတာပေါ့။ ရွာကတော့ ၇ ရွာရှိပြီ။ အခု (၁၈ ရက်နေ့) မနက်တော့ အညာတော ဝန်းကျင်မှာပဲရှိနေတယ်။ စစ်ကြောင်းဝင်လာတာမသိဘဲ ရွာထိပ်က ဇရပ်မှာ ထိုင်နေတာ။ သူတို့ဝင်လာတာတွေ့မှ ထွက်ပြေးလို့ လက်နက်ငယ်နဲ့ပစ်တာ အမျိုးသား တယောက်သေသွားတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ထီးလင်းမြို့နယ်က ရေမျက်နီနယ်မြေရဲစခန်းသိမ်း တိုက်ပွဲကို ဩဂုတ် ၁၃ ရက်နေ့ကတည်းက စတင်နေပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013