DVB Logo
Home
အားကစား
နောက်ခံလူ ဂူဟီကို ခေါ်ယူရန်  နယူးကာဆယ်အသင်း စတုတ္ထအကြိမ် ကမ်းလှမ်း
DVB
·
August 17, 2024
နောက်ခံလူ ဂူဟီကို ခေါ်ယူရန်  နယူးကာဆယ်အသင်း စတုတ္ထအကြိမ် ကမ်းလှမ်း
Donate to DVB

နယူးကာဆယ်အသင်းဟာ နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့အသင်းဆီကို လေးကြိမ်မြောက်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူအတွက် နယူးကာဆယ်အသင်းရဲ့ ပထမ၊ ဒုတိယနဲ့ တတိယအကြိမ်ကမ်းလှမ်းချက်တွေကို ပဲလေ့ဘက်က ပယ်ချခဲ့တာပါ။

လက်ရှိအချိန်မှာတော့  ပေါင် ၅၅ သန်းကျော်နဲ့ လေးကြိမ်မြောက် ကမ်းလှမ်းခဲ့ပေမဲ့ ထပ်မံ ပယ်ချခံရဖို့ရှိနေ ပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းဟာ ဂူဟီအတွက် ပေါင်သန်း ၆၀နဲ့ ထပ်ဆောင်းအပိုဆုကြေးတွေ ရရှိမှသာ အသင်းပြောင်းရွှေ့ခွင့်ပြုလိမ့်မယ်လို့ သိရပါတယ်။

ဂူဟီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013