DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဒု-ဗိုလ်ချုပ်ကြီး ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေး
DVB
·
August 16, 2024
စစ်ခေါင်းဆောင်က ဒု-ဗိုလ်ချုပ်ကြီး ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေး
Donate to DVB

စစ်ခေါင်းဆောင်က သူရဲ့လူယုံ ၃ ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးလိုက် ပါတယ်။

စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီအကြံပေး MEC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးညိုစောတို့ကို သြဂုတ် ၁၅ ရက်က ဗိုလ်ချုပ်ကြီးရာ ထူးတိုးပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့စစ်ခေါင်းဆောင်တို့ တွေ့ဆုံပြီးနောက်  ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးကို ရာထူးတိုးပေးခဲ့တာဖြစ်ပြီး လက်တလော ဘယ်နေရာမှာ တာဝန်ပေးမယ်ဆိုတာမသိရဘူးလို့ ကက(ကြည်း)ရုံးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

"ရာထူးတိုးပေးတဲ့ ၃ ယောက်ထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့နဲ့ အပတ်စဥ် အတူတူပဲ လတ်တလော ဘယ်နေရာတာဝန်ပေးမယ်ဆိုတာမသိရသေးဘူး။ ဦးသန်းရွှေလက်ထက်ကလို ကြည်းရေလေ ညှိကွပ်ရာထူးမျိုးထွင် ပြီးပေးမလားတော့ မသိဘူး။”

ရာထူးတိုးပေးခဲ့သူ ၃ ဦးထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက DSA အပတ်စဉ် (၂၅) ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက  (OTS)အပတ်စဉ် ၇၇ နဲ့ ဒုဗိုလ်ချုပ်ကြီးညိုစောက DSA အပတ်စဉ် ၂၃ ဆင်း ဖြစ်ပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ စစ်ကောင်စီရုံးရဲ့ အတွင်းရေးမှူးဖြစ်ပြီး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ တွဲဖက်အတွင်းရေးမှူးတာဝန်နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် တာဝန်ကိုလည်းယူထားပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးညိုစောကတော့ စစ်ခေါင်းဆောင်အကြံပေး၊ စစ်ကောင်စီအဖွဲ့ဝင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌစတဲ့တာဝန်တွေကို ယူထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013