DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမထဲက သစ်ခိုးထုတ်နေသူများကို PDF ဖမ်းဆီး
DVB
·
August 16, 2024
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမထဲက သစ်ခိုးထုတ်နေသူများကို PDF ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမထဲမှာ သစ်ခိုးထုတ်နေကြသူတွေကို ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ဆီကနေ သိရပါတယ်။

တပ်ခွဲ ၄ ရဲ့ နယ်မြေလုံခြုံရေးတာဝန်ခံတဦးက “ကျနော်တို့စစ်ဆင်ရေးနယ်မြေထဲမှာ နယ်မြေရှင်းလင်းရေးအတွက် ရဲဘော်တွေ ကင်းလှည့်နေချိန်မှာ ကျွန်းအနုပင်တွေကို ခိုးခုတ်နေကြသူတွေကို တွေ့ရှိ ဖမ်းဆီးခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

သစ်ခိုးခုတ်နေကြသူတွေဟာ ပဲခူးရိုးမထဲက ဂမုန်းကြိုးဝိုင်းအတွင်း အကွက်အမှတ် ၅၆ နဲ့ ၅၇ အတွင်းက ကျွန်းနုပင်တွေကို ခုတ်ယူ ခိုးထုတ် သယ်ဆောင်နေကြတာပါ။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရဲ့ တာဝန်ခံက “ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ရုံတင်မကဘဲ သဘာဝသယံဇာတတွေကိုလည်း ကာကွယ်ထိန်းသိမ်းရမယ့်တာဝန် ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ စိုးမိုးနယ်မြေထဲက ကျွန်းအနုပင်တွေကို ခိုးခုတ်နေသူတွေကို ဖမ်းပြီးတော့ နောက်ထပ်မလုပ်ကြဖို့ သတိပေးစကားပြောပြီး လွှတ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကျွန်းအနုပင်တွေ ခိုးခုတ်ကြသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013