DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အုတ်ဖိုမြို့နယ်ထဲက တော်လှန်ရေးတပ်စခန်းတခု ​ဗုံးကြဲခံရ
DVB
·
August 3, 2026
Photo: သာဟာဝတီခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo: သာဟာဝတီခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက တော်လှန်ရေးတပ်စခန်းတခုကို ဩဂုတ် ၂ ရက် နေ့လယ်ပိုင်းမှာ ​ဗုံးကြဲခံလိုက်ရလို့ ပျက်စီးဆုံးရှုံးမှု များပြားကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အုတ်ဖိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အုတ်ဖိုအရှေ့ခြမ်း ၁၂ မိုင်လောက်မှာ ရှိတဲ့ ဂမုန်းဆည်ဝန်းကျင်မှာ အခြေစိုက်တဲ့ စခန်းတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ တော်လှန်ရေးတပ်စခန်းဟာ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ ၃ စခန်း ဖြစ်တယ်လို့ သိရပေမဲ့ အဆိုပါတပ်ဖွဲ့ဘက်ကတော့ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

သာယာဝတီခရိုင် တပ်ရင်းတခုရဲ့ တပ်ခွဲမှူးတယောက်က “မနက်ပိုင်းမှာ ကင်းထောက်ခံရပြီး နေ့လယ် ၁ နာရီလောက်မှာ ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၇ လုံးကြဲသွားတာမှာ ရှေ့တန်းစခန်းကို ၃ လုံး၊ နောက်တန်း ထုတ်လုပ်ရေးစခန်းကို ၃ လုံး အကြဲခံလိုက်ရတယ်။ ၁ လုံးကတော့ ဆည်ထဲ ကျသွားတယ်။ ရှေ့တန်းစခန်းကော၊ ​ထုတ်လုပ်ရေးစခန်းပါ အကြဲခံလိုက်ရတာ ဆိုတော့ ပျက်စီးဆုံးရှုံးမှုကတော့ များ​တယ်။ သူတို့ရဲဘော် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရတယ်။ စခန်းတည်နေရာကို တပ်ပြေးတယောက်က သတင်းပေးလို့ ဆိုလား၊ ပြည်သူဘက်က သတင်းပေးလို့ ဆိုလား သေချာတော့ မသိရသေးဘူးဗျ” လို့ ပြောပါတယ်။

သာယာဝတီခရိုင်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ စစ်ရေးအခြေအနေ တင်းမာတဲ့နေရာတွေ ရှိနေသလို စစ်တပ်ဘက်ကလည်း ​လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းရန်အန္တရာယ် သတိထား နေထိုင်ကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို နားစွင့်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013