DVB Logo
Home
မြန်မာသတင်း
လားရှိုး ရမခတိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် ၂၀၀၀ ကျော်ကို MNDAA ပြန်လွှတ်
DVB
·
August 16, 2024
လားရှိုး ရမခတိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် ၂၀၀၀ ကျော်ကို MNDAA ပြန်လွှတ်
Donate to DVB

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းနဲ့ တပ်မိသားစုဝင်‌တွေကို ဩဂုတ် ၆ ရက်ကနေ ၁၄ ရက်အထိ ၈ ရက်အတွင်း အယောက် ၂,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဒဏ်ရာရစစ်သည် ၂၉၆ ယောက်ကို ဩဂုတ် ၁၄ ရက် မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ MNDAA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးပြီးနောက် MNDAA က ပြန်လွှတ်ပေးခဲ့ဝာာလို့ နောက်ထပ် သတင်းရင်းမြစ် တဦးက ပြောပါတယ်။

“စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေကို မိုင်းရယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၆၇ ဘက်ကို SSPP က ကူညီပို့ဆောင်ပေးခဲ့တာလို့ သိရတယ်။”

လူသားချင်းစာနာမှုနဲ့ နောက်ထပ် စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်‌တွေကို လွှတ်ပေးခဲ့ပြီး လမ်းခရီးစရိတ်တွေ ပေးခဲ့ကြောင်း၊ လားရှိုးကို သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေကို အကြိမ်ပေါင်းများစွာ လွှတ်ပေးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၆ ရက်ကစ MNDAA ဘက်က စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေ စုစုပေါင်း အယောက် ၂,၀၀၀ နီးပါးကို လွှတ်ပေးဖို့ စီစဉ်ခဲ့ပြီး တပ်မိသားစုဝင် တစုစီကို ခရီးစရိတ် ပေးရုံသာမက ဘေးကင်းတဲ့နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ် ၃ ရက်က လားရှိုးမြို့နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013