DVB Logo
Home
မြန်မာသတင်း
အရာတော် ပျူစခန်းနှင့် ရန်ကုန်-မန္တလေးလမ်း၌ စစ်သားနှင့်ရဲ စီးလာသည့်ရထား တိုက်ခိုက်ခံရ
DVB
·
August 16, 2024
အရာတော် ပျူစခန်းနှင့် ရန်ကုန်-မန္တလေးလမ်း၌ စစ်သားနှင့်ရဲ စီးလာသည့်ရထား တိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဩဂုတ် ၁၄ ရက် မနက် ၅ နာရီခွဲလောက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။ 

“အဲဒီသလဲဘာရွာက စစ်တပ်ထောက်ခံပြီး စစ်တပ်က အစောင့်အရှောက်အထိုင်စခန်းဖွင့်ပြီး လက်နက်ပါ တပ်ဆင် ပေးထားတဲ့ရွာဗျ။ အဲရွာကို ကျနော်တို့အဖွဲ့တွေ ဝင်တိုက်ခဲ့တာ။ ပျူတွေဘက်ကတော့ ၇ ဦးကျဆုံးတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်ဗျ။ တိုက်ပွဲကြာချိန်ကတော့ ၅ နာရီအထိ ကြာမြင့်တယ်။” 

အဲဒီတိုက်ပွဲကို တပ်ရင်း ၂၁ ၊ ၁၉ ၊ ၂၆ ၊ ၂၂၊ Zero ဦးဆောင်သော ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Shwebo Crocodile၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး - ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့၊ ရွှေဘိုအားမာန် အဖွဲ့၊ HG FIGHTER၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother ၊ ဖျံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Zay Yar Thawed ၊ YAUNG NI၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း သလဲဘာပျူရွာက ဒေသခံပျူစောထီး ၃ ဦး၊ စစ်သား ၃ ဦး၊ ငွေတွင်းရွာမက ပျူစောထီး ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ သလဲဘာရွာကစစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စစ်တပ်ကတော့ PDF တွေ လာမတိုင်ခင်ကတည်းက ခံစစ်အနေအထားနဲ့ ပြင်ဆင်မှု ပြုလုပ်ထားတာ တွေ့ရတယ်။ အမှန်တကယ် တိုက်ပွဲဖြစ်တော့ သူတို့ ဘာမှမလုပ်တတ်တော့ဘူး။ အဲတိုက်ပွဲအတွင်း ကျဆုံးတာရှိသလို ဒဏ်ရာရရှိသူ တွေလည်းရှိတယ်။ ဟိုဘက်ကလာတိုက်တာလည်း ဒရုန်းယာဉ် တွေရော၊ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော တိုက်ခိုက်သွားတာဗျ။ အင်အားကလည်း အတော်များတ။ယ် ဒေသခံတဦးအနေနဲ့ ဘာပြောချင်လဲဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ ခေတ်ဆိုးကြီး မြန်မြန်ပြီးဆုံးပါ စေလို့ ဆုတောင်မိပါတယ်။” 

အရာတော်မြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတာကြောင့် မုံရွာ-အရာတော်-ရွှေဘိုမြို့သွားကားများ ပိတ်မိလေ့ရှိပြီး ပြည်သူကာကွယ်ရေးတပ်ကတော့ တိုက်ပွဲဖြစ်‌နေစဉ်အတွင်း ဖြတ်သန်းသွားလာတာမလုပ်ကြဖို့ တားမြစ်ချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ မီးရထားတစီးကို ဩဂုတ် ၁၅ ရက်နေ့၊ မနက် ၁ နာရီ၀န်းကျင်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အဲ့ဒီရထားနောက်တွဲပေါ်မှာ စစ်သားနဲ့ရဲတွေပါလာတာကို သတင်းကြိုရလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက် ထိခိုက်တာကိုတော့ စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကတော့ ထိခိုက်မှုတစုံတရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ မီးရထားဟာ RGC ရထားအမျိုးအစားဖြစ်ပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းက ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ညောင်ပင်သာဘူတာနဲ့ ဖြူးဘူတာကြားက မိုင်တိုင်အမှတ် ၁၃၂ မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဖြူးဘူတာရဲ့ ၀န်ထမ်းတဦးက “ဆန်တက်လာတဲ့ RGC နံပါတ်က ၈၉ ပါ။ မိုင်းဆွဲခံရလို့ ရထားလမ်းတွေနဲ့ ကွန်ကရစ်ဖားတုံးတွေ ပျက်စီးသွားလို့ RGC ကော၊ နောက်ဖလက်တွဲကော လမ်းချော်သွားတယ်။ ဖလက်တွဲပေါ်မှာ စစ်ပစ္စည်းတွေပါလို့တဲ့ ကျနော်တို့ ၀န်ထမ်းတွေတောင် အနားမကပ်ရဘူးတဲ့။ တခြားရထား ခရီးစဥ်တွေကိုတော့ ယာယီရပ်ဆိုင်းထားရတာပေါ့” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားတွဲပေါ်မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တချို့ ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေလိုက်ပါလာတဲ့ မီးရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး အဆိုပါ မီးရထားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ အင်အားတိုးမြှင့်ချထားတာတွေ ပြုလုပ်နေတယ်လို့လည်း ဖြူးဘူတာရုံက မီးရထား၀န်ထမ်းတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013