DVB Logo
Home
နိုင်ငံတကာ
Mars သကြားလုံးကုမ္ပဏီက Kellanova သရေစာကုမ္ပဏီကို ဒေါ်လာ ၃၆ ဘီလီယံဖြင့် ဝယ်ယူမည်
DVB
·
August 15, 2024
Mars သကြားလုံးကုမ္ပဏီက Kellanova သရေစာကုမ္ပဏီကို ဒေါ်လာ ၃၆ ဘီလီယံဖြင့် ဝယ်ယူမည်
Donate to DVB

M&M သကြားလုံးထုတ်လုပ်ရာ Mars ကုမ္ပဏီက Pringles အာလူးကြော်ပိုင်ကုမ္ပဏီ Kellanova ကို ဒေါ်လာ ၃၆ ဘီလီယံနဲ့ ဝယ်ယူတော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ Mars ရဲ့  အငန်အရသာပါ သရေစာလုပ်ငန်းအထိ တကမ္ဘာလုံး အတိုင်းအတာနဲ့ ချဲ့ထွင်လာမှုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက် Kellanova ရဲ့  ရှယ်ယာစျေးနှုန်းက ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး ရှယ်ယာတခုကို ၈၃ ဒသမ ၅၀ ဒေါ်လာ တန်ကြေးရှိပါတယ်။

ဒါကြောင့် Kellanova ရဲ့ စုစုပေါင်းတန်ကြေးဖြစ်တဲ့ ကြွေးမြီ အပါအဝင် ဒေါ်လာ ၃၅ ဒသမ ၉ ဘီလီယံကို ပေးချေရနိုင်တယ်လို့ Mars ဘက်က အတည်ပြုပါတယ်။

၂၀၂၃ ခုနှစ်မှာ Kellanova ရဲ့ အသားတင်ရောင်းအားက ဒေါ်လာ ၁၃ ဘီလီယံကို ကျော်လွန်ခဲ့တာကြောင့် Mars ရဲ့ ဝယ်ယူမှုဟာ ဒီလုပ်ငန်းနယ်ပယ်မှာ တန်ဖိုးအကြီးဆုံး သဘောတူညီချက် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် Kellanova ဟာ Kellogg ကုမ္ပဏီကနေ ခွဲထုတ်လိုက်တဲ့ လုပ်ငန်းအသစ်ဖြစ်ပြီး ဒီကုမ္ပဏီနှစ်ခုစလုံးကို ချီကာဂိုမြို့မှာ အခြေစိုက်ထားပါတယ်။

အရောင်းရဆုံး ထုတ်ကုန်တွေဖြစ်တဲ့ Pringles နဲ့ Cheez-It တို့ကို Kellanova က ဝန်ထမ်းဦးရေ ၂၃,၀၀၀ နီးပါးနဲ့ တာဝန်ယူ လုပ်ကိုင်နေပါတယ်။

အခုလိုမျိုး Mars နဲ့ Kellanova ကြား ပေါင်းစည်းမှုက အမေရိကန်နိုင်ငံရဲ့ သရေစာ မုန့်စျေးကွက် ၈ ရာခိုင်နှုန်းဝန်းကျင်ကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပက်ပ်စီကို ကုမ္ပဏီရဲ့ စျေးကွက်ဝေစု ၉ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် အတော်လေးများတယ်လို့ ဆိုရမှာပါ။

လာမယ့် ၂၀၂၅ ပထမနှစ်ဝက်မှာ အဲဒီဝယ်ယူမှုကို အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပြီး Kellanova က Mars ရဲ့ တစိတ်တပိုင်း ဖြစ်လာဖို့ ရှိနေပါတယ်။

ဗာဂျီးနီးယားပြည်နယ် အခြေစိုက် Mars ဟာ အမေရိကန်ရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေထဲမှာ ပါဝင်ပြီး အသားတင်ရောင်းအား ဘီလီယံ ဒေါ်လာ ၅၀ နဲ့ ဝန်ထမ်းစုစုပေါင်း ၁ သိန်းခွဲအထိ ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013