DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီအကျပ်အတည်း ပိုဆိုးလာ၊ ဆီဆိုင်အချို့ ပိတ်ထားရ
DVB
·
August 15, 2024
စက်သုံးဆီအကျပ်အတည်း ပိုဆိုးလာ၊ ဆီဆိုင်အချို့ ပိတ်ထားရ
Donate to DVB

ရန်ကုန်မြို့က စက်သုံးဆီ အရောင်းဆိုင်အများစုဟာ သတ်မှတ်ချက်နဲ့ ရောင်းပေးနေသလို ဆီမရတာကြောင့် ဆိုင်အချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

စက်သုံးဆီ အကျပ်အတည်းဟာ ဩဂုတ် ၁၄ ရက် မနက်မှာ ပိုခက်ခဲလာကာ တနေကုန်ဆီမရတဲ့ဆိုင်တွေ များလာခဲ့ပါတယ်။ သန်လျင်တံတားသစ်ကြီးအနီးက PT Power စက်သုံးဆီအရောင်းဆိုင်မှာတော့ တနေကုန်ဆီ အရောင်းပိတ်ထားတာကို တွေ့ရပါတယ်။ 

အဲ့ဒီဆိုင်ရှေ့မှာ စက်သုံးဆီရဖို လာရောက်တန်းစီနေသူ ယာဥ်မောင်းတယောက်တော့ ဆီဝယ်ယူရတဲ့ သက်တမ်းတလျှောက် အကျပ်အတည်းဆုံး အခြေနေဖြစ်လာတယ်လို့ ရှင်းပြပါတယ်။ 

“ဒီတခေါက်က ပိုဆိုးတယ်။ အရင်အခေါက်တွေတုန်းက တန်းစီရင်ရတယ်။ ပြီးတော့ ဆီရောင်း မယ်ဆိုတာသိတယ်။ အခုဟာက ရောင်းမလား၊ မရောင်းမလားလည်းမသိဘူး။ တန်းစီနေရတာပဲရှိ တယ်။ အခုလည်း မစောင့်နိုင်လို့ ထွက်ထွက်သွားတာ၊ ဆီပေးနေလို့မဟုတ်ဘူး။ ဆိုတာ့ အခုကပို ဆိုးတာပေါ့။ အရင်တုန်းကကျတော့ ဆီရောင်းနေတာသိတယ်၊ ကျနော်တို့ ဝင်တန်းတယ်။ ကိုယ့်အလှည့်ရောက်မှ ကုန်သွားတာမျိုးတော့ ဖြစ်တယ်၊ ဒါပေမဲ့ ပြဏနာမရှိဘူး၊ ရောင်းတာတွေ့ရတယ်။ အခုက ရောင်းမှာလားမသိဘူး၊ မရောင်းမှာလည်း မသိဘူး။ ရမ်းသန်းပြီးတော့ ဘာမှမပြောနိုင်ဘဲနဲ့ တန်းနေရတာ၊ ခုက ရှေ့ကကားကလည်း မသိဘူး၊ နောက်ကကားကလည်း မသိဘူး၊ သူများတန်းလို့သာ ဝင်တန်းနေရတယ်။ ဒီနေ့မရောင်းဘူးဆိုရင် ညပြန်အိပ်ရမယ်။ အခုဆိုရင် မနက်စာလည်းငတ်တယ်၊ နေ့လယ်စာလည်းငတ်တယ်၊ ၃ ရက်ရှိပြီ ဆီမရဘူး။”

တချို့ဆီဆိုင်တွေက ကားတစီးကို အများဆုံး ကျပ် ၃ သောင်းဖိုးလောက်ပဲ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

စက်သုံးဆီ အခက်အခဲနဲ့ပတ်သက်ပြီး ပင်လယ်ဝမှာ ဆီသင်္ဘောတွေ ဆိုက်ရောက်နေပေမဲ့ အမေရိကန်ဒေါ်လာ ငွေမပေးချေနိုင်တာကြောင့် စက်သုံးဆီအခက်အခဲဖြစ်ရတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စက်သုံးဆီအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ MMTM Terminal စက်သုံးဆီသိုလှောင်ကန်က ဝန်ထမ်းတယောက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို ငြင်းဆိုလိုက်ပြီး အခုလိုဖြစ်တာဟာ စစ်ကောင်စီက စက်သုံးဆီခွဲတမ်းတွေ ချထားမပေးတာကြောင့်ဖြစ်တယ်လို ဆိုပါတယ်။

“ရှေ့လျှောက်က အဲ့လိုပဲဖြစ်ဖို့များတယ်။ အခုက တော်တော်ကြီးကို ကျပ်နေလို့။ ဆီအရေတွက်ကို မချပေးတာ။ ခွဲတမ်းမချပေးတော့နည်းတယ်။ ကျနော်တို့ဆီမှာတော့ ဆီအပြည့်ရှိတယ်။ ကျန်တဲ့ Terminal မှာတော့ မသ်ဘူး။ ကျနော်တို့ မြတ်မေတ္တာမွန်မှာတော့ ဆီပြတ်တယ်ဆိုတာမရှိဘူး။”

စက်သုံးဆီအရောင်းဆိုင်အများစုက ဆိုင်ရှေ့မှာ ကားတွေ တန်းစီနေပေမဲ့ ဆီရ၊ မရအခြေနေကို ထွက်ပြီး ပြောဆိုကြတာမရှိပေမဲ့ ဆီဆိုင်အချို့ကတော့ အခြေအနေကို စာရေးသားပြီး အကြောင်းပြန်ထားကြပါတယ်။ 

နိုင်ငံခြားဆီသင်္ဘောတွေ ဆိုက်ကပ်ရာ ပင်လယ်ဝအနီးက သီလဝါအထူးစီးပွားရေးဇုန်ရှိ Star High စက်သုံးဆီအရောင်းဆိုင်မှာတောင် ဆီပြတ်လပ်နေပြီး ဆီမရှိလို့ ဆိုင်ပိတ်ထားကြောင်း အသိပေးစာတန်းကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။  

စက်သုံးဆီ တင်းသွင်းသိုလှောင်ဖြန့်ဖြူးတဲ့ လုပ်ငန်းကြီးကြပ်ရေးကော်မတီက ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနဲ့ ပြည်ပက ဝင်ရောက်လာမယ့် ဆီသင်္ဘောတွေ အခြေအနေအရ စက်သုံးဆီ ပြတ်လပ်နိုင်တာ မရှိဘူးလို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အရောင်းဆိုင်အချို့မှာ တန်းစီဝယ်ယူနေမယ့်အစား တန်းစီဝယ်ယူတာ နည်းပါးတဲ့ ပတ်ဝန်းကျင်ရှိ တခြားဆိုင်တွေမှာ သွားရောက်ဝယ်ယူဖို့ နှိုးဆော်ထားပါတယ်။

စက်သုံးဆီ အကျပ်အတည်းကြုံတွေ့နေရတဲ့ အများပြည်သူတွေဟာ တဆိုင်ဝင်တဆိုင်ထွက် ဆီအရှာထွက်နေရလို့ ရှိပြီးသား စက်သုံးဆီတွေပါ လေလွင့်ဆုံးရှုံးတာတွေ ဖြစ်နေရပါတယ်။ 

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013