
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ ကုန်ကျစရိတ်သက်သာရေး ပေါ်လစီတွေက ထိရောက်တယ်လို့ အိမ်ဖြူတော်မှာ ဒစ်ဂျစ်တယ် အကြောင်းအရာ ဖန်တီးသူများနဲ့ ဆွေးနွေးပွဲတခုအတွင်း ပြောကြားခဲ့ပါတယ်။
ညင်ညင်သာသာ ကျဆင်းလိမ့်မယ်လို့ ပြောထားပြီးသားဖြစ်ကြောင်းနဲ့ သူ့ရဲ့မူဝါဒတွေက အလုပ်ဖြစ်နေပြီလို့ ဆိုပါတယ်။
သြဂုတ် ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ၃ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားခဲ့တာကြောင့် လာမယ့်လမှာ အတိုးနှုန်းလျှော့ချဖို့ ဗဟိုဘဏ်အတွက် ဒိထက် ပိုလမ်းပွင့်သွားတော့မယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက အစီရင်ခံစာဟာ ၃ လဆက်တိုက် ငွေကြေးဖောင်းပွနှုန်းကို တိုင်းတာတဲ့ စားသုံးသူဈေးနှုန်းကို မှတ်သားထားပြီး ငွေကြေးဖောင်းပွမှုဟာ ကျဆင်းတဲ့လမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ပြန်ရောက်လာပြီလို့ အကြံပြုထားတဲ့အပြင် ပြီးခဲ့တဲ့လက ထုတ်လုပ်သူဈေးနှုန်းတွေ ခပ်ပျော့ပျော့ မြင့်တက်လာတာကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
Source-Reuters