DVB Logo
Home
နိုင်ငံတကာ
တာလီဘန် အာဏာရ ၃ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ
DVB
·
August 15, 2024
တာလီဘန် အာဏာရ ၃ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ
Donate to DVB

အာဖဂန်နစ္စတန်ကနေ အမေရိကန်နဲ့ နေတိုးတပ်တွေ ဆုတ်ခွာပြီးတဲ့နောက် တာလီဘန်တို့က အာဏာပြန်သိမ်းခြင်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဘာဂရမ် လေတပ်စခန်းမှာ သြဂုတ် ၁၄ ရက်က စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပါတယ်။

တချိန်က အာဖဂန်နစ္စတန်မှာ အကြီးဆုံး အမေရိကန်နဲ့ နေတိုးစစ်အခြေစိုက်စခန်း ဖြစ်ခဲ့တဲ့ ဘာဂရမ် လေတပ်စခန်းမှာ ကျင်းပတဲ့ အခမ်းအနားကို တာလီဘန် အဆင့်မြင့်အရာရှိတွေနဲ့ တရုတ်၊ ရုရှား၊ ပါကစ္စတန်နဲ့ အီရန်တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီ စစ်ရေးပြအခမ်းအနားမှာ တာလီဘန် တပ်ဖွဲ့ဝင်တွေဟာ HUMVEEs ဘက်စုံသုံး သံချပ်ကာ ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ တင့်ကားတွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေကို ပြသထားပါတယ်။

၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေဟာ အာဖဂန်ကနေ မထွက်ခင် အကြိုညက IS စစ်သွေးကြွအဖွဲ့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို ဟန့်တားခဲ့တဲ့ လေယာဉ်အစီး ၇၀  ကျော်၊ သံချပ်ကာယာဉ် ဒါဇင်ပေါင်းများစွာနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ဖျက်ဆီးခဲ့ပါတယ်။

တာလီဘန်တို့ အမြန်အောင်နိုင်မယ်လို့ မျှော်မှန်းမထားလို့ အမေရိကန်အစိုးရနဲ့ နေတိုး မဟာမိတ်တွေဟာ အလျင်စလို ဆုတ်ခွာခဲ့ရပြီး သူတို့ကို ကူညီခဲ့ကြတဲ့၊ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးသင့်တဲ့၊ အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့ ထောင်ပေါင်းများစွာသော အာဖဂန် နိုင်ငံသားတွေကို မကယ်နိုင်လို့ ကျန်ရစ်ခဲ့ကြပါတယ်။

တာလီဘန်တို့ အာဖဂန်ကို သိမ်းပိုက်ပြီးချိန်ကစပြီး အာဖဂန်နစ္စတန်ဟာ ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ နိုင်ငံခြားအစိုးရတွေရဲ့ တရားဝင်အသိအမှတ်ပြုမှု ကင်းမဲ့တာတွေကြောင့် စီးပွားရေး အကျပ်အတည်းထဲကို ထိုးကျသွားခဲ့ပါတယ်။

တာလီဘန်တွေက ဆယ်စုနှစ် နှစ်ခုကြာ ပဋိပက္ခတွေအပြီး လုံခြုံရေး ပြန်လည်ထူထောင်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအုပ်စုတွေဟာ နိုင်ငံခြားပစ်မှတ်တွေနဲ့ တရုတ်လူမျိုးတွေ မကြာမကြာ လည်ပတ်လေ့ရှိတဲ့ ဟိုတယ်တခု အပါအဝင် တိုက်ခိုက်မှုတွေကို အာဖဂန်နိုင်ငံအတွင်း ဆက်လက်လုပ်ဆောင်နေကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013