DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၅၅၀၀ ကျော်ကို သတ်ဖြတ်ဟု AAPP ပြော
DVB
·
August 14, 2024
အာဏာသိမ်း ၃ နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၅၅၀၀ ကျော်ကို သတ်ဖြတ်ဟု AAPP ပြော
Donate to DVB

အာဏာသိမ်း ၃ နှစ်ခွဲကာလတွေအတွင်း စစ်တပ်အကြမ်းဖက်ပစ်ခတ် သတ် ဖြတ်မှုတွေ ကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၅၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၇၄၈ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉,၃၃၁ ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းက တော့ ၁၂၃ ဦးရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၄ ဦး အပါအဝင် ၁၂၁ ဦး ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၆၇ ဦးထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၄၅၃ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီက ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် ဩဂုတ် ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသ မီး ၉  ဦး နဲ့ အမျိုးသား ၁၅ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦးနဲ့ ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

သေဆုံးရတဲ့ အကြောင်းအရင်းအနေနဲ့ အဲဒီ ၂၄ ဦးထဲမှာ ၁၃ ဦးက စစ်အုပ်စုလေကြောင်း နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ သေဆုံးခဲ့ကာ  စစ်ကိုင်းတိုင်းမှာ ၇ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေ နဲ့ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးသွားသူတွေရဲ့ အချက် အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013