DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် မြန်မာ့လေကြောင်းလိုင်း လက်မှတ်‌ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
August 14, 2024
ကလေးမြို့တွင် မြန်မာ့လေကြောင်းလိုင်း လက်မှတ်‌ဈေးနှုန်း အဆမတန်မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို ပြေး‌ဆွဲပေးနေတဲ့ ကလေး-မုံရွာ-မန္တ‌လေး-ရန်ကုန် မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခဈေးဟာ ကျပ် ၃၀,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်သွားတယ်လို့ လေယာဉ်‌လက်မှတ်အရောင်းဆိုင်တွေဆီက သိရပါတယ်။

ဩဂုတ် ၁၃ ရက်က စတင်ကာ ဈေးနှုန်း ပြောင်းလဲသွားတာဖြစ်ပြီး ယခင်က ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ၄၄၀,၀၀၀ ကျပ်ကနေ ၄၇၅,၀၀၀ ကျပ်၊ ရန်ကုန်-ကလေး လေယာဉ်လက်မှတ်ဟာ ၃၈၅,၀၀၀ ကနေ ၃၉၅,၀၀၀ ကျပ်၊ ကလေး-မန္တ‌လေး‌ လေယာဉ်လက်မှတ်ဈေးက အသွားအပြန် တသောင်းဝန်းကျင်နဲ့ က‌လေး-မုံရွာလက်မှတ်ဈေးဟာ အသွားအပြန် ၂၅,၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

ကလေးမြို့ လေယာဉ်လက်မှတ် အရောင်းဆိုင်ဝန်ထမ်းတဦးက “လက်မှတ်ဈေးတွေက မနေ့ကစ တက်သွားတာဗျ။ အခုတော့ MNA (မြန်မာ့လေကြောင်း) တလိုင်းပဲဈေးတက်သေးတယ်။ မင်္ဂလာအဲလိုင်းလည်း ရက်ပိုင်းအတွင်းတက်နိုင်တယ်။ ဒေါ်လာဈေးတက်လို့ လေယာဉ်လက်မှတ် ဈေးတက်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားဖို့ရာ ကုန်းလမ်းကြောင်းက တိုက်ပွဲတွေနဲ့ လမ်းကြောပိတ်ဆို့မှုတွေကြောင့် လေကြောင်းခရီးကို အသုံးပြုသူ များလာတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်ကလည်း ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက် ထွက်ခွာတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းဟာ ၃ သောင်းဝန်းကျင် ဈေးတက်ခဲ့ရာကနေ အခုတကြိမ် ပြန်လည်ဈေးမြင့်သွားတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းနဲ့ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကမြို့တွေဖြစ်တဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေကို ပြေးဆွဲပေးနေပြီး ယခင်က မြန်မာ့လေကြောင်း၊ ကမ္ဘောဇလေကြောင်းနဲ့ အဲသံလွင်လေကြောင်း လေကြောင်း ၃ လိုင်းနဲ့ ပြေးဆွဲခဲ့ရာကနေ ယခုအခါမှာတော့ ကမ္ဘောဇလေကြောင်းလိုင်းနဲ့ မြန်မာ့လေကြောင်းလိုင်း ၂ လိုင်းသာ ပြေးဆွဲတော့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013