DVB Logo
Home
အားကစား
ကိုးလ်ပါလ်မာကို ၂၀၃၃ ခုနှစ်အထိ  ချဲလ်ဆီးအသင်း သက်တမ်းတိုးစာချုပ်  ချုပ်ဆို
DVB
·
August 14, 2024
ကိုးလ်ပါလ်မာကို ၂၀၃၃ ခုနှစ်အထိ  ချဲလ်ဆီးအသင်း သက်တမ်းတိုးစာချုပ်  ချုပ်ဆို
Donate to DVB

ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။

မူလကတည်းက ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာဖြစ်ပေမဲ့ နောက်ထပ် ၂ နှစ်ထပ်တိုးပြီး ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာပါ။

စာချုပ်သက်တမ်း ၉ နှစ်ရှိတာကြောင့် ဘောလုံးလောကမှာ စာချုပ်သက်တမ်းအရှည်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားဟာ မနှစ်ကရာသီမှာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အသက် ၂၂ နှစ်ရှိ ကိုးလ်ပါလ်မာဟာ စာချုပ်သက်တမ်း ပြည့်တဲ့အထိ အသင်းမှာ ဆက်လက်ကစားမယ်ဆိုရင် သူ့ရဲ့ အသက် ၃၁ နှစ် ရှိချိန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013