DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် ရခိုင်စစ်ရှောင် ၃၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 13, 2024
ကျုံပျော်တွင် ရခိုင်စစ်ရှောင် ၃၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် တာသစ်ကြီးရပ်ကွက်မှာ လာရောက်တိမ်းရှောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတွေ အပါအဝင် ရခိုင်စစ်ဘေးရှောင် ၃၃ ယောက်ကို စစ်ကောင်စီတပ်က ဧည့်စာရင်းမတိုင်ကြားဘူးဆိုပြီး အကြောင်းပြကာ  ဩဂုတ် ၉ ရက် ညက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “အဖမ်းခံရတာ ၃၃ ယောက်လို့ သိရတယ်။ ကားနဲ့ စစ်ကောင်စီတပ်က လာဖမ်းသွားတာ။ ခလရ ၃၆ တပ်ကို ဖမ်းဆီးသွားတာလို့ သိရတယ်။ အခု အဖမ်းခံထားရတဲ့ စစ်ရှောင်တွေက သံတွဲက ဒေသခံတွေချည်းပဲတဲ့။ ဒီနေ့အထိ တပ်ထဲက အချုပ်ခန်းထဲမှာ စစ်ဆေးနေတုန်းပဲ။ ရိုက်နှက်ပြီး စစ်ဆေးခံရတယ်။ ဒီဘက်မှာ အစစ်အဆေးတွေလည်း ကြမ်းနေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ဒေသခံတွေဖြစ်ပြီး အသက် ၂၀ အရွယ်ကနေ အသက် ၄၀ အရွယ်ကြား အမျိုးသားအယောက် ၂၀ နဲ့ အသက် ၁၇ နှစ်နဲ့ ၂၃ နှစ်အရွယ် ၁၃ ယောက်၊ အားလုံး ၃၃ ယောက်ကို ကျုံပျော်အခြေစိုက် ခလရ-၃၆ တပ်ထဲ ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း အသက် ၁၈ နှစ် မပြည့်သေးတဲ့ မိန်းကလေး အပါအဝင် အရပ်သား ၃၁ ယောက်ကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ PDF ၊ NUG တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သူတို့ တားမြစ်ကန့်သတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်ဆိုပြီး ဖမ်းတာ။ PDF တွေကို ထောက်ပံ့တာကြောင့် ခိုင်လုံတဲ့ သတင်းရလို့ ဖမ်းတာဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းတာ။ အခု အဖမ်းခံရတဲ့အထဲမှာ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်က မိန်းကလေး ၂ ယောက်ပါ အဖမ်းခံရတာ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တလအတွင်း ဟင်္သာတ၊ ငပုတော၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဝါးခယ်မ၊ ဖျာပုံ၊ ဇလွန်၊ မြန်အောင် စတဲ့မြို့နယ်တွေက ဒေသခံတွေ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်အရွယ် အမျိုးသား ၂၈ ယောက်နဲ့ အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုးသမီး ၃ ယောက်ဖြစ်ပြီး တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ အများဆုံးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရသူတွေက လူငယ်တွေချည်းပဲ။ မိန်းကလေး ၃ ယောက် ပါတယ်။ မိန်းကလေးတွေရဲ့ မိဘတွေက ပိုစိတ်ပူနေကြတယ်။ စစ်ကောင်စီတပ်ရဲ့လက်ထဲရောက်ရင် သိတဲ့အတိုင်းပဲလေ။ သူတို့ ဖမ်းသွားတာနဲ့ အသေနဲ့ အကျိုး၊ ဒါမှမဟုတ် အစော်ကားမခံရဖို့ဘဲ ဆု‌တောင်းနေရတာ၊ ခုခံချေပခွင့်ရဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်တပ်က ဥပဒေနဲ့အညီလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသူတွေလည်းရှိပြီး အမှုဖွင့်မခံရသေးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013