DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ  
DVB
·
August 13, 2024
နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ  
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ဩဂုတ် ၁၂ ရက် ညမှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့  တအာင်းအမျိုးသားတပ်မတော် PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ မနေ့ည ၁၁ နာရီ ၄၁ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၅၁ မိနစ်မှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ်၊ ဗုံး   ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “မနေ့ည ၁၁ ၄၅ အချိန်မှာ ဂျက်လေယာဉ်နဲ့ ဗုံး ၆ လုံး ကြဲခဲ့ပါတယ်။ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ နေအိမ် ၅လုံး ထိခိုက်ပျက်စီးပါတယ်” လို့ ပြောပါတယ်။

 စစ်ကောင်စီတပ်က ကြဲချလိုက်တဲ့ ဗုံးဟာ နမ့်ဆန်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ တရားဥပဒေရုံး၊ EPC ရုံး ၊ ဒေသဦးစီးရုံးနားက  လက်ဖက်စက်ရုံတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့  TWO တအာင်း အမျိုးသမီး အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် တအောင်းဒေသ၊ တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းရွာက အမြောက်တပ် ၉၀၂၊ မက်မန်းတောကျေးရွာက တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၂၅၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၀၆ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီက Y 12‌ လေယာဉ်နဲ့ ၃ ကြိမ်၊ ဗုံးအလုံး ၂၀ ကြဲချ‌သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အလားတူ တပ်မဟာ ၂ နယ်မြေ သီပေါမြို့ ခလရ ၂၃ တပ်စခန်းနေရာမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက Y 12 လေယာဉ်နဲ့ပဲ ၁၂ ကြိမ်တိုင်တိုင် လာရောက်ကာ ဗုံး ၈၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲမခံရခင်  ဩဂုတ် ၁၁ ရက်မှာ TNLA က သူတို့ ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါ စတဲ့ မြို့နယ် ၁၂ ခုမှာ တရားသူကြီးတွေနဲ့ ရှေ့နေတွေအားလုံးကို လုပ်ငန်းတာဝန်လွှဲပြောင်းတာ၊ ခန့်အပ်တာနဲ့ ရာထူးအပ်နှင်းတဲ့ အခမ်းအနားကို TNLA  ထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပခဲ့ ပါတယ်။

ဩဂုတ် ၅ ရက်ကလည်း စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တနေ့တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တာကြောင့် မြို့ခံ ၆ ဦးသေဆုံးပြီး  ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013