DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်တပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်
DVB
·
August 13, 2024
ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်တပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက ကေးဘန်းဇွမ် (Keivangzuan) စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၁၂ ရက် မနက် ၇ နာရီဝန်းကျင်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF-Hakha ဆီကနေ သိရပါတယ်။

CDF-Hakha ရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “သီးမြစ်ချောင်းကြား တောင်ကုန်းပေါ်မှာ အခိုင်အမာ တပ်စွဲထားပြီး ဟားခါးနဲ့ဆို ၃ မိုင်လောက်ပဲ ကွာတယ်။ တိုက်ခိုက်ချိန် ၁ နာရီအတွင်းမှာ စခန်းသိမ်းနိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ကေးဘန်းဇွမ် စစ်ကောင်စီတပ်စခန်းကို CDF-Hakha နဲ့ ချင်းအမျိုးသားတပ်ဦး CNA တို့ ပူးပေါင်းပြီး ရုန်းစစ်ဆင်ရေးအမည်နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

CDF-Hakha တာဝန်ခံတဦးက “စခန်းက အခိုင်အမာပါပဲ။ ဒါပေမဲ့ အကြီးကြီးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးတော့ အလောင်း ၁၀ လောင်း တွေ့ရတယ်။ ကျန်တဲ့သူတွေက ထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားတဲ့အထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူတွေ ပါသွားတယ်။ ထပ်သိမ်းရမယ့် စခန်းငယ်လေးတွေ အနည်းအကျဥ်းပဲ ကျန်ပါတော့တယ်” လို့ ပြောပါတယ်။

ထန်ထလန်မြို့ပေါ်မှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်ရှင်းလင်းနေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကနေ 60 MM စိန်ပြောင်း ၁ လက်၊ MA1 သေနတ် ၂ လက်၊ MA2 သေနတ် ၄ လက်၊ MA3 သေနတ် ၁ လက်၊ MA4 သေနတ် ၂ လက်၊ Machine Gun ၁ လက်၊ ကျည်‌ဘောက် ၂၅ ခုတို့အပြင် မိုင်းနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်အစိုးရတပ်ဖွဲ့တွေဟာ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီရဲ့ ရှေ့တန်း အမာခံစခန်းတွေကို ဇူလိုင် ၂၂ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်း သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်းက ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အမြန်ဆုံး သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ဇူလိုင် ၁၀ ရက်ကနေ ၄ ရက်ကြာ ကျင်းပပြုလုပ်တဲ့ ချင်းပြည်နယ်ကောင်စီ အစည်းအဝေးအပြီး ချင်းပြည်အစိုးရတပ်ဖွဲ့တွေဟာ စစ်ရေးဖော်ဆောင်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013