DVB Logo
Home
အားကစား
ကစားသမားရောင်းချမှုမှ  ပေါင် သန်း ၂၀၀ ကျော် ရရှိရန် ချဲလ်ဆီးအသင်း မျှော်မှန်း
DVB
·
August 13, 2024
ကစားသမားရောင်းချမှုမှ  ပေါင် သန်း ၂၀၀ ကျော် ရရှိရန် ချဲလ်ဆီးအသင်း မျှော်မှန်း
Donate to DVB

ချဲလ်ဆီးအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားရောင်းချမှုတွေကနေ ပေါင်သန်း ၂၀၀  ကျော် ရရှိဖို့ မျှော်မှန်းနေပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်း ပေါ်တူဂီနဲ့ ဝုဗ် တောင်ပံကစားသမား ပတ်ဒရိုနက်တိုကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရှိကစားသမားတချို့ကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်လာခဲ့တာပါ။

ထွက်ပေါ်နေတဲ့သတင်းတွေအရ ကစားသမားစုစုပေါင်း ၉ ဦးကို ရောင်းချပြီး ငွေကြေးပြန်လည်ရှာဖွေဖို့ ချဲလ်ဆီးအသင်းက လုပ်ဆောင်လာခဲ့တာပါ။ 

တိုက်စစ်မှူးလူကာကူ၊ စတာလင်၊ ဂေါ်လဂါ၊ ဘင်ချီဝဲလ်၊ ချာလိုဘတ် အစရှိတဲ့ ကစားသမားတွေ အပါအဝင် ကစားသမား ၉ ဦးကို ရောင်းချဖို့ စီစဉ်ထားပြီး ပေါင် ၂၀၅ သန်းလောက် ရရှိဖို့ ချဲလ်ဆီးက ရည်မှန်းထားပါတယ်။

ချဲလ်ဆီးဟာ လက်ရှိအချိန်အထိ စုစုပေါင်းကစားသမား ၁၂ ဦးခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013