DVB Logo
Home
နိုင်ငံတကာ
အငြင်းပွားဖွယ် မဲရလဒ်ဖြင့် အနိုင်ရခဲ့သည့် ရဝမ်ဒါသမ္မတ ကျမ်းကျိန်
DVB
·
August 12, 2024
အငြင်းပွားဖွယ် မဲရလဒ်ဖြင့် အနိုင်ရခဲ့သည့် ရဝမ်ဒါသမ္မတ ကျမ်းကျိန်
Donate to DVB

ပြီးခဲ့တဲ့လက အငြင်းပွားဖွယ်ရလဒ်မဲ ၉၉ ဒသမ ၁၈ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲ ထပ်နိုင်တယ်ဆိုတဲ့ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီဟာ ဩဂုတ် ၁၁ ရက်မှာ ၄ ကြိမ်မြောက် သမ္မတသက်တမ်းအတွက် ကျမ်းကျိန်ခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် သူပုန်ခေါင်းဆောင်ဟောင်းဟာ အဓိကပြိုင်ဘက်တွေ ဝင်ပြိုင်ခွင့်မရတဲ့ ဇူလိုင်ရွေးကောက်ပွဲမှာ မထင်မရှားပြိုင်ဘက် ၈ ဦးကို အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကာဂါမီဟာ မဲ ၉၅၊ ၉၃၊ ၉၈ ရာခိုင်နှုန်းတွေနဲ့ ရှေ့ ၃ ကြိမ်မှာလည်း အပြတ်အသတ် နိုင်ခဲ့ပါတယ်။

သမ္မတသက်တမ်း ၂ ကြိမ်ထက် ပိုတာဝန်ယူဖို့ အခြေခံဥပဒေပြင်တဲ့ လူထုဆန္ဒခံယူပွဲမှာလည်း ထောက်ခံမှု ၉၈ ရာခိုင်နှုန်း ရခဲ့တဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ကာဂါမီဟာ ၁၉၉၄ လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး အဆုံးသတ်အောင် ကူညီနိုင်ခဲ့မှုအတွက် အနောက်ကမ္ဘာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ချီးကျူးမှု ခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အတိုက်အခံတွေကို နှိပ်ကွပ်မှုတွေ၊ အိမ်နီးချင်း ဒီအာရ်ကွန်ဂိုနိုင်ငံက သူပုန်တွေကို ထောက်ပံ့ပေးမှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။

တနင်္ဂနွေနေ့က ကျမ်းကျိန်ပွဲကို ကီဂါလီမှာရှိတဲ့ လူ ၄၅,၀၀၀ ဆံ့တဲ့ အမာဟိုရို အမျိုးသားအားကစားကွင်းကြီးထဲမှာ ကျင်းပခဲ့ပါတယ်။

အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့ပြီး အာဖရိကနိုင်ငံ ၂၂ နိုင်ငံက နိုင်ငံအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013