DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်၊ အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်
DVB
·
August 12, 2024
အရှေ့အလယ်ပိုင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်၊ အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်
Donate to DVB

အရှေ့အလယ်ပိုင်းကို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစင်း သွားရောက်ဖို့နဲ့ လက်ရှိဦးတည်နေတဲ့ ယူအက်စ်အက်စ် အေဘရာဟင်မ်လင်ကွန်း လေယာဉ်တင်သင်္ဘော အုပ်စုလည်း မြန်မြန်သွားရောက်ဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ညွှန်ကြားလိုက်ပါတယ်။

နျူးကလီးယားစွမ်းအင်သုံး ယူအက်စ်အက်စ်ဂျော်ဂျီယာ ရေငုပ်သင်္ဘောဟာ ဇူလိုင်လကတည်းက မြေထဲပင်လယ်မှာ ရောက်နေတာဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း အစ္စရေးကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေချိန်မှာ အခုညွှန်ကြားချက်ကို ကာကွယ်ရေးဌာနက လူသိရှင်ကြား ထုတ်ပြန်တာ ဖြစ်ပါတယ်။

အော်စတင်ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလ်န့်နဲ့ ဆက်သွယ်ပြောဆိုခဲ့အပြီးမှာ အစ္စရေးကို ကာကွယ်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်း အကုန်လုပ်သွားမယ်လို့ ထပ်မံကတိပေးခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒေသတွင်း တင်းမာနေချိန်မှာ အရှေ့အလယ်ပိုင်းတလွှားမှာ အမေရိကန်စစ်အင်အားပြပြီး စစ်ရေးစွမ်းရည် မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ ရှိနေတဲ့ လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် အေဘရာဟင်မ် လင်ကွန်းဟာ တခြားလေယာဉ်တင်သင်္ဘောကြီးတစင်းဖြစ်တဲ့ ယူအက်စ်အက်စ် သီအိုဒိုရုစဗဲ့ နေရာ အစားဝင်ရမှာ ဖြစ်ပါတယ်။

ဒါက ပုံမှန် တာဝန်လဲလှယ်တာဖြစ်ပေမဲ့ အခုလို မြန်မြန်လာဖို့ ပြောတာကတော့ မကြုံစဘူးကိစ္စ ဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောပေါ်မှာ F-35 တိုက်လေယာဉ်တွနဲ့ F/A-18 လေယာဉ်တွေ ပါဝင်ပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဩဂုတ်လကုန်ပိုင်းမှာ အကြီးစား စစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကျော်ကြာ လေ့ကျင့်မယ်လို့ ၂ နိုင်ငံအရာရှိတွေက ဩဂုတ် ၁၂ ရက်မှာ ပြောပါတယ်။

မဟာမိတ် ၂ နိုင်ငံအကြား ပေါင်းစပ်ကာကွယ်ရေး ရပ်တည်ချက်ကို အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အူချီ လွတ်လပ်ရေးဒိုင်းလို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၉ ရက်ကနေ ၂၉ ရက်အထိ လေ့ကျင့်မှာပါ။

မြောက်ကိုရီးယားရဲ့ ပိုတိုးလာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေ၊ ကမ္ဘာလုံးဆိုင်ရာ နေရာချထားရေးစနစ် (GPS) ပြတ်တောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ မကြာသေးမီကမှ ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကနေ သင်ယူခဲ့တဲ့ သင်ခန်းစာတွေလို လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေကို ထင်ဟပ်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ (UNC) အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေ့ကျင့်ခန်းမှာ တပ်မတော်သားတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး ကြားနေနိုင်ငံများ ကြီးကြပ်ရေးကော်မရှင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဖော်ပြပါရှိတဲ့ တာဝန်တွေကို လိုက်နာရင်း ဒီလေ့ကျင့်ခန်းကို တတိယအဖွဲ့က စောင့်ကြည့်လေ့လာမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် ကာလရှည်ကြာ ရှုတ်ချခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013