DVB Logo
Home
နိုင်ငံတကာ
ပထမဆုံး Deadpool ကောမစ်မျက်နှာဖုံးပုံ ဒေါ်လာ ၇ သန်းခွဲဖြင့် လေလံတင်မည်
DVB
·
August 12, 2024
ပထမဆုံး Deadpool ကောမစ်မျက်နှာဖုံးပုံ ဒေါ်လာ ၇ သန်းခွဲဖြင့် လေလံတင်မည်
Donate to DVB

နာမည်ကြီးရုပ်ရှင် Deadpool ရဲ့ နောက်ဆုံးထွက် ‘Deadpool & Wolverine’ ဇာတ်ကားဟာ အုပ်ထိန်းသူ/လူကြီးမိဘမပါဘဲ ၁၇ နှစ်အောက်မကြည့်ရ (R-rated) ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး သရဖူကို ရယူနိုင်ခဲ့ပါတယ်။

အခုအခါမှာလည်း Deadpool ဇာတ်ကောင် ပထမဆုံးပါဝင်တဲ့ ကောမစ်အတွက်  ဆေးမခြယ်ရသေးတဲ့ ခဲခြစ်မျက်နှာဖုံးလက်ရာကို Heritage လေလံအဖွဲ့က ဒေါ်လာ ၇သန်းခွဲနဲ့ လေလံတင်မှာ ဖြစ်ပါတယ်။

ဒီဈေးနဲ့သာ လေလံအောင်ရင်တော့ တန်ဖိုးအကြီးဆုံး ကောမစ်စာအုပ်လက်ရာအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒီလက်ရာကို စာရေးဆရာ/ကောမစ်အနုပညာရှင် ရော့ဘ်လိုင်ဖဲလ်ဒ်က ‘New Mutants #98’ စာအုပ်အတွက် ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာအုပ်က ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဒီတုန်းက လိုင်ဖဲလ်ဒ်ဟာ အသက် ၂၃ နှစ်ပဲ ရှိပါသေးပါတယ်။ အခုတော့ ဒီလက်ရာကို သူပိုင်တာ မဟုတ်ပါဘူး။ စုဆောင်းသူတဦးကို လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ရောင်းပစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို အောင်မြင်တာကို ဝမ်းသာတယ်လို့ လိုင်ဖဲလ်ဒ်က ဆိုပါတယ်။

၁၉၉၁ က ထွက်ခဲ့တဲ့ အဲဒီ New Mutants #98 စာအုပ်ဟာ စထွက်တော့ တအုပ် ၁ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။

ဒါပေမဲ့ အခုအခါ မူရင်းထုတ်ဝေမှုဆိုရင် စုဆောင်းသူတွေ တန်ဖိုးထားကြတာကြောင့် eBay ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၃၅၀ ကနေ ၅၅,၀၀၀ အထိ ဈေးပေါက်ပါတယ်။

Deadpool ကို Spider-Man နဲ့ G.I.Joe ပေါင်းထားတဲ့ပုံစံ ဖန်တီးခဲ့တာလို့ လိုင်ဖဲလ်ဒ်က ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013