DVB Logo
Home
မြန်မာသတင်း
မတူပီ စစ်သုံ့ပန်း ၂၀၀ ကျော်တွင် ကလေး အယောက် ၅၀ ဝန်းကျင်ပါဝင်
DVB
·
August 11, 2024
မတူပီ စစ်သုံ့ပန်း ၂၀၀ ကျော်တွင် ကလေး အယောက် ၅၀ ဝန်းကျင်ပါဝင်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအယောက် အယောက် ၂၀၀ ကျော်မှာ ကလေးအယောက် ၅၀ ပါဝင်ပြီး သုံ့ပန်းတွေရဲ့ စားရေးသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေတယ်လို ချင်းပြည်ကာကွယ်ရေးတပ် CDF-မတူပီ တပ်မဟာ ၁ ဆီက သိရပါတယ်။

မတူပီ ခလရ ၁၄၀ တပ်ရင်း၊ ခမရ ၃၀၄ တပ်ရင်းနဲ့ အခြေချစစ်ဗျူဟာတွေက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေကို တိုက်ပွဲတွေအတွင်းနဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး အယောက် ၂၀၀ ကျော်ပြီလို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေထဲမှာ စစ်ကောင်စီနဲ့ ရဲတပ်သား အယောက် ၁၀၀၊ ကလေးအယောက် ၅၀၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီး ၅၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။

CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက “အခု ချင်းညီနောင်နဲ့ မဟာမိတ်တွေထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းမိသားစုက အယောက် ၂၀၀ ကျော်ရှိပါတယ်။ သူတို့ စလာတုန်းကတော့ ကျန်းမာရေး အခြေအနေက အတော်ဆိုးပါတယ်။ သဲဝဲစားတာနဲ့ အားပြတ်တာနဲ့၊ အခုတော့ အခြေအနေတွေ တိုးတက်လာပါပြီ။ တချို့မကျန်းမာသူတွေလည်း အနည်းအကျဉ်းရှိပါသေးတယ်။ သူတို့ကိုလည်း အကောင်းဆုံး စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးမိထားတဲ့ စစ်ကောင်စီနဲ့ ရဲတပ်သားတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက “ကလေးတွေကိုတော့ ပညာရေးပိုင်းကအစ တွေးထားတာ ရှိပါတယ်။ မိဘမဲ့ကလေးတွေကိုလည်း မွေးစားဖို့ ဆက်သွယ်လာတာရှိပါတယ်။ လောလောဆယ်တော့ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆောင်ရွက်နေပါတယ်။ ချင်းညီနောင်မှာလည်း ကလေးတွေရဲ့ ရှေ့ရေးကိစ္စအတွက်  စီမံချက်တွေ ဆုံးဖြတ်ချက်တွေ ဆက်လုပ်ဖို့ ရှိပါတယ်။ အခုကတော့ အရေးပေါ်ကျွေးမွေးစောင့်ရှောက်ရေးနဲ့ ဆေးကုသရေးကိုပဲ ဦးစားပေးနေပါတယ်” လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ချင်းပြည်နယ်၊ မတူပီမြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လအတွင်းမှာ စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေထိုင်နေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013