DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် ဧရာမငလျင်ကြီးလှုပ်မည်စိုး၍ ပစ္စည်းများအသည်းအသန်ဝယ်ယူ
DVB
·
August 11, 2024
ဂျပန်တွင် ဧရာမငလျင်ကြီးလှုပ်မည်စိုး၍ ပစ္စည်းများအသည်းအသန်ဝယ်ယူ
Donate to DVB

ဂျပန် မိုးလေဝသအသင်း (JMA) က ဧရာမငလျင်ကြီး (megaquake) သတိပေးချက် ထုတ်ပြန်ခဲ့အပြီးမှာ လူတွေက ဘေးသင့်ကာလ သုံးစွဲရတဲ့ အရေးပေါ်ပစ္စည်းတွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ အလုအယက် ဝယ်ယူနေကြတာကြောင့် အဲဒီလိုလုပ်ဖို့ မလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က လူ ၁၄ ဦး ဒဏ်ရာရခဲ့တဲ့ အင်အား ၇ ဒသမ ၁ ရှိတဲ့ ငလျင်ကြီးတခု နိုင်ငံတောင်ပိုင်းမှာ လှုပ်ခတ်ခဲ့အပြီးမှာ JMA က နောက်ဆက်တွဲ ဧရာမငလျင်ကြီး လှုပ်နိုင်တယ်လို့ သတိပေးခဲ့တာပါ။  

လူသိန်းချီသေဆုံးနိုင်တဲ့ ဧရာမငလျင်ကြီးမျိုး လှုပ်ခတ်ပြီး ဆူနာမီလှိုင်းလုံးကြီးတွေပါ ဖြစ်ပေါ်နိုင်ခြေဟာ ပုံမှန်ထက် သိသိသာသာမြင့်မားနေပေမဲ့ တိကျတဲ့ ကာလတခုအတွင်း ကျိန်းသေဖြစ်လာမယ်လို့ မပြောနိုင်ဘူးလို့ JMA က ထုတ်ပြန်ပါတယ်။ 

ဒီသတိပေးချက်ဟာ လူ ၁၈,၅၀၀ သေဆုံးခဲ့တဲ့ ၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်ပြီးနောက်ပိုင်း ရေးဆွဲထားတဲ့ စည်းမျဉ်းသစ်အရ ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ ဧရာမငလျင်သတိပေးချက် ဖြစ်ပါတယ်။

နန်ကိုင်းငလျင်ဇုန်ကြီးနဲ့ပတ်သက်တဲ့ သတိပေးချက်ဟာ ချက်ချင်းရွှေ့ဖို့မဆိုလိုသလို၊ ဘယ်အချိန် ဖြစ်မယ်လို့ အတိအကျပြောတာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကီရှီးဒါးက ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့ လူထုက ပူပန်မှာစိုးရိမ်တဲ့အတွက် အနည်းဆုံး တပတ်တော့ ပြည်ပထွက်ခွာမယ့် ရီးစဉ်တွေ ဖျက်သိမ်းပြီး ပြည်တွင်းမှာပဲဆက်ရှိနေပြီး အစိုးရဘက်က လိုအပ်သလို တုံ့ပြန်မယ်လို့ ပြောပါတယ်။ 

မစိုးရိမ်ကြဖို့ ပြောနေပေမဲ့ ဝန်ကြီးချုပ်တောင် ပြည်ပခရီးဖျက်လိုက်တဲ့ အခြေအနေကြောင့် ကောလာဟလနဲ့ သတင်းမှားတွေပါ ပျံ့နှံ့ကုန်ပြီး စူပါမားကတ်တွေမှာ ပစ္စည်းတချို့ ပြတ်လပ်မှုတွေ ရှိလာခဲ့ပါတယ်။ 

တိုကျိုက စူပါးမားကတ်အချို့မှာ ပစ္စည်းအချို့ကို အကန့်အသတ်နဲ့သာ ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဂျပန်အွန်လိုင်း စျေးဝက်ဘ်ဆိုက် Rakuten မှာလည်း ရွှေ့ပြောင်းနိုင်တဲ့ အိမ်သာ၊ ကြာရှည်ခံအစားအသောက်နဲ့ ရေဘူးလိုဟာမျိုးတွေက အရောင်းရဆုံးဖြစ်လာခဲ့ပါတယ်။ 

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်က လက်လီအရောင်းဆိုင်အချို့မှာလည်း သဘာဝဘေးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ဝယ်လိုအားထိုးတက်လာတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013