DVB Logo
Home
မြန်မာသတင်း
မတူပီ စစ်ရှောင်များ နေရပ်ပြန်ခေါ်တော့မည်ဟု မြို့နယ် ပအဖ ပြော
DVB
·
August 11, 2024
မတူပီ စစ်ရှောင်များ နေရပ်ပြန်ခေါ်တော့မည်ဟု မြို့နယ် ပအဖ ပြော
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့မှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ပြီးသွားတဲ့အတွက် မြို့ပြန်လည်တည်ဆောက်ရေးနဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်တော့မယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မတူပီမြို့မှာ မြို့တွင်းသန့်ရှင်းရေး၊ ရေရရှိရေးကိစ္စတွေ အဆင်ပြေသွားတဲ့အတွက် မြို့ပြန်လည် တည်ဆောက်ရေး လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်တော့မယ်လို့ မြို့နယ်ပအဖက ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁၇ ရက်နေ့ထဲက မတူပီမြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့ပြီး လောင်ဗန်း၊ ငလား၊ ခိုဘွေ၊စန်ဘောင် စတဲ့ မြို့ပေါ်ရပ်ကွက် ၄ ခုက ပြည်သူ ၁ သောင်းကျော်နဲ့ မြို့နဲ့အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မြို့ထဲမှာ မိုင်းရှင်းတွေတာတွေ ပြီးသွားပြီ။ သန့်ရှင်းရေးတွေ ပြီးစီးသွားတယ်။ စည်ပင်ပိုင်းဆိုင်ရာ ရေတွေလည်း အဆင်ပြေပြီ။ လျှပ်စစ်မီးကတော့ မတူပီက မဟာဓာတ်အားကို အားကိုးရတော့ သူကလည်း ယောနယ်မှာ ပြတ်နေတော့ ဒီဇယ်စက်တွေပဲ အသုံးပြုနေတယ်။ စစ်ရှောင်တွေကိုတော့ မတူပီရဲ့ လမ်းမတွေဖြစ်တဲ့ မင်းတပ်လမ်း၊ ပလက်ဝလမ်း၊ ဘွေရားလမ်းတွေကို အလှည့်လိုက် ဂိတ်ဖွင့်ပြီးခေါ်မယ်။ Non CDM တွေကိုတော့ မြို့ထဲလုံးဝ အဝင်မခံဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူတွေဟာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ရှိရာနေရာတွေ၊ မြန်မာပြည် အောက်ပိုင်းမြို့တွေနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ မတူပီမြို့ကို ချင်းညီနောင် CB ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013