DVB Logo
Home
နိုင်ငံတကာ
အမေရိကန်အာကာသယာဉ်မှူး ၂ ဦး အာကာသထဲတွင် ၂၀၂၅ အထိ နေရမည်
DVB
·
August 9, 2024
အမေရိကန်အာကာသယာဉ်မှူး ၂ ဦး အာကာသထဲတွင် ၂၀၂၅ အထိ နေရမည်
Donate to DVB

အမေရိကန်အာကသယာဉ်မှူး ၂ ဦးဟာ အာကသထဲမှာ ၂ လကြာ ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ်အထိ ဆက်နေရဖွယ်ရှိပါတယ်။

ဇွန် ၅ ရက်က နိုင်ငံတကာအာကာသစခန်းကို ထွက်ခွါခဲ့တဲ့ ၈ ရက်ကြာခရီးစဉ်မှာ အာကာသယာဉ်မှူး ၂ ဦးဟာ ၂ လကြာ အာကာသထဲမှာ သောင်တင်နေတာပါ။

အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဟာ တနွေလုံး အာကာသထဲမှာ ဖြတ်သန်းခဲ့ရပြီး ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးချိန်ပါ အာကာသထဲမှာ ဖြတ်သန်းရမယ့် အနေအထား ဖြစ်နေပါတယ်။

အာကာသထဲ စမ်းသပ်သွားရောက်မှုမှာ အသက် ၆၁ နှစ်အရွယ်ရှိ ဝီလ်မိုးနဲ့ အသက် ၅၈ နှစ်အရွယ်ရှိ ဝီလျံတို့ဟာ ဘိုးရင်းစတားလိုင်နာ အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်းကို ထွက်ခွါခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ လူတွေလိုက်ပါဖို့ ဒီဇိုင်းထုတ်ထားတဲ့ အာကာသယာဉ်အသစ်ရဲ့ စွမ်းဆောင်မှုတွေကို စမ်းသပ်တဲ့ ပထမဆုံးပျံသန်းမှု ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာက တွန်းကန်တဲ့စနစ်နဲ့ ဒုံးအငယ်စားတချို့ဟာ သုံးမရဘဲ ပိတ်နေတာကြောင့် သူတို့ ၂ ဦးဟာ စတားလိုင်နာ မြေပေါ်ကို ပြန်ဆင်းသက်မယ့် ၂၀၂၅ ခုနှစ်ရောက်မှာ ကမ္ဘာမြေပေါ် ပြန်ရောက်ဖွယ် ရှိပါတယ်။

နာဆာကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောဆိုထားပါတယ်။

“ကျနော်တို့ အဓိကရည်ရွယ်ချက်က စတားလိုင်နာပေါ် သူတို့ ၂ ယောက် ပြန်ရောက်ဖို့ပါ။ ဒါပေမဲ့ ကျနော်တို့ အခြားအခွင့်အလမ်းတွေ ပွင့်သွားအောင်လည်း အစီအစဉ်တွေ သေချာပြုလုပ်နေပါတယ်” လို့ နာဆာမန်နေဂျာတဦးဖြစ်တဲ့ စတင့်က ပြောပါတယ်။

ဘိုရင်းစတားလိုင်နာဟာ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ဖွယ် ရှိတဲ့အကြောင်း နာဆာက ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013