DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းစစ်အကြောင်းရုပ်သံဖြင့် Sky News က အမ်မီဆု ဆန်ကာတင် စာရင်းဝင်
DVB
·
August 9, 2024
မြန်မာပြည်တွင်းစစ်အကြောင်းရုပ်သံဖြင့် Sky News က အမ်မီဆု ဆန်ကာတင် စာရင်းဝင်
Donate to DVB

မြန်မာပြည်တွင်းစစ်အကြောင်း ထဲထဲဝင်ဝင် သတင်းတင်ဆက်ခဲ့တဲ့ ယူကေအခြေစိုက် Sky News သတင်းဌာနက International Emmy Award ဆန်ကာတင်စာရင်းထဲမှာ ပါ ဝင်နေပါတယ်။

ပဋိပက္ခတွေ ပြင်းထန်နေချိန် အာဏာသိမ်း စစ်တပ်ကို သတ္တိရှိရှိ ရဲဝံ့စွာ ခုခံတော်လှန် တိုက်ခိုက်နေသူတွေရဲ့ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းတွေကို  မျှဝေနိုင်ဖို့  Sky News သတင်းဌာန သတင်းထောက်ချုပ် စတူးဝပ် ရမ်ဆေးနဲ့ အဖွဲ့ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ရှေ့တန်း တောတွင်း တနေရာမှာ အချိန် ၁ လကြာ နေထိုင်ရိုက်ကူးခဲ့ကြတာပါ။

သူတို့အဖွဲ့ဟာ စစ်ရာဇ၀တ်မှုတွေရဲ့ သက်သေအထောက်အထားတွေအပြင် ရှေ့တန်းတနေရာက လျှို့ဝှက်ဆေးရုံတခုမှာ အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြတဲ့ ဆေးအဖွဲ့သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မျက်ဝါးထင်ထင် မှတ်တမ်းတင်နိုင်ခဲ့ကြတာကို The Last Hospital: 30 Days in Myanmar အမည်ရတဲ့ မှတ်တမ်းရုပ်သံထဲမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့  International Emmy Award မျက်မှောက်ရေးရာကဏ္ဍအတွက် ဆန်ကာ တင်စာရင်းထဲမှာတော့ Sky News နဲ့အတူ Brazil's GloboNews, the BBC's India Eye programme နဲ့ Israeli current affairs show Uvda တို့လည်း ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Sky News ဟာ ဒီဆုကို ယူကရိန်းစစ်ပွဲအကြောင်း ထဲထဲဝင် ဝင်ရိုက်ကူးတင်ဆက်မှုနဲ့ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့် စက်တင်ဘာ ၂၅ ရက်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013