DVB Logo
Home
နိုင်ငံတကာ
ယီမင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၀ သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေ
DVB
·
August 9, 2024
ယီမင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၀ သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေ
Donate to DVB

အခုသီတင်းပတ်အစောပိုင်းက ယီမင်နိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ အယောက် ၄၀ အထိ မြင့်တက်လာပြီး တခြားသူ ၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဟူသီအရာရှိတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ဟိုဒေးဒါနဲ့ ဟက်ဂျာ ပြည်နယ်တွေတဝန်း အပျက်အစီးတွေ ဖရိုဖရဲ ဖြစ်ကျန်ခဲ့ပြီး အဲဒီထဲက နယ်မြေအများစုဟာ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး လမ်းအများအပြား ပိတ်ဆို့သွားခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေအတွက် အရေးတကြီး အကူအညီ လိုအပ်နေချိန်မှာ အကူအညီပေးရေး မိတ်ဖက်အဖွဲ့တွေက အထောက်အပံ့တွေကို စတင်ပေးပို့ခဲ့တယ်လို့ ကုလအေဂျင်စီက ပြောပါတယ်။

ယာယီစခန်းတွေမှာ နေထိုင်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ရေကြီးရေလျှံမှုတွေကို အဆိုးရွားဆုံး ကြုံရပုံပေါ်ပါတယ်။

ရေအရင်းအမြစ်နဲ့ နီးစပ်ရာ ချိုင့်ဝှမ်းတွေအနီးမှာ ရွှံ့တွေ၊ ကောက်ရိုးတွေနဲ့ ဆောက်လုပ်ထားတဲ့ ခနော်ခနဲ့ စခန်းတွေမှာ နေထိုင်ရတာကြောင့် အိုးအိမ်မဲ့ဖြစ်ရသူတွေရဲ့ ဒုက္ခမှာ အထူးဆိုးရွားတယ်လို့ ဆိုပါတယ်။

ဟက်ဂျာပြည်နယ်နဲ့ အထူးသဖြင့် အိုးမဲ့အိမ်မဲ့ပြည်သူတွေဟာ ရေကြီးရေမှုကြောင့် အလွန်ပြင်းထန်တဲ့ ဘေးအန္တရာယ်တွေ ခံစားခဲ့ရပြီး အဲဒီနေရာဟာ ရေကြီးရေလျှံ စီးဆင်းမှုနဲ့ နေ့ရောညပါ မိုးအဆက်မပြတ် ရွာတဲ့နေရာတွေ ဖြစ်တာကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု စာရင်းအရ တဲအိမ်ပေါင်း ၁၁,၁၈၈ ခု ထိခိုက်ခဲ့ရကြောင်း ဟက်ဂျာပြည်နယ်ရှိ လူသားချင်း စာနာထောက်ထားမှုရေးရာရုံး ညွှန်ကြားရေးမှူး အာလန် ဖဒ်ဟိုင်းလ်က ပျက်စီးဆုံးရှုံးမှု ပမာဏကို တွက်ပြခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ဟာ ဆက်လက်ရွာသွန်းနေဆဲ မိုးကြောင့် ကပ်ဘေးပမာဏ ပိုဆိုးရွားလာမယ်လို့ မျှော်လင့်ထားပေမဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုဟာ ထိခိုက်နစ်နာသူတွေရဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013