DVB Logo
Home
မြန်မာသတင်း
တမူးတွင် ဓာတ်ဆီတဂါလန် ကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်
DVB
·
August 8, 2024
တမူးတွင် ဓာတ်ဆီတဂါလန် ကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဓာတ်ဆီတဂါလန်ကို ငွေကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

တမူးမြို့မှာ မနေ့ သြဂုတ် ၇ ရက်အထိ 92 ဓာတ်ဆီတဂါလန်ကို ငွေကျပ် ၄၂,၀၀၀ ထိ ပေးဝယ်နေရတာကြောင့် ကုန်ပစ္စည်းတချို့ စျေးတင်ရောင်းချနေရတယ်လို့ နယ်ခံစျေးသည်တဦးက ပြောပါတယ်။

“ဓာတ်ဆီဈေးက တဂါလန် ၄၂,၀၀၀ ကျပ်ထိ ဖြစ်သွားတာ။ တမူးမှာက ဆိုင်ကယ်နဲ့ပဲ သွားရတာဆိုတော့ ဓာတ်ဆီဝယ်ထည့်ဖို့က မတတ်နိုင်ကြတော့ဘူး။ ဈေးရောင်းထွက်ဖို့ဆိုရင် ဆီဈေးကြီးတော့ ကိုယ်ရောင်းတဲ့ ကုန်စိမ်းနဲ့ တခြားကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရတော့တာ။”

လက်ရှိမှာ တမူးမြို့နယ်က လောင်စာဆီအသုံးပြုရတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ရပ်နားသွားကြပြီ ဖြစ်​ကြောင်းနဲ့ လုပ်ငန်းခွင်ဝင်ရောက်သူတွေမှာ စက်ဘီးကို အသုံးပြုသူ များပြားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆီဆိုင်နဲ့နီးစပ်သူတဦးက “တမူးမှာ တချို့ဆီဆိုင်လုပ်ငန်းတွေ ရပ်ထားတာကြာပြီ။ ကားကြီးတွေက မထွက်တော့လို့ သုံးဘီး၊ ဆိုင်ကယ်တွေကိုပဲ အဓိကထား အသုံးပြုနေကြတာ။ လက်ရှိရောင်းချနေတဲ့ ဆီဆိုင်တွေကလည်း ဆီကားထပ်ပြီးရောက်မလာတော့ လက်ကျန်ဆီကို ရောင်းချနေရလို့ အခုလို ဓာတ်ဆီဈေးက အဆမတန် မြင့်တက်နေတာပါ” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ မြန်မာငွေဈေး အဆမတန် ကျဆင်းနေတာကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်နေပြီး အိန္ဒိယရူပီး ၁၀၀ ကို မြန်မာငွေ ၅,၆၀၀ ကျပ်ထိ မြင့်တက်နေကာ မြန်မာငွေနဲ့ အိန္ဒိယ ကုန်ပစ္စည်း ရူပီး ၁၀၀ တန်ကို မြန်မာငွေနဲ့ ၆,၀၀၀ ထိ ပေးဝယ်နေရကြောင်း ဒေသခံတွေအကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013