DVB Logo
Home
နိုင်ငံတကာ
မာ့ခ်ဇူကာဘာ့ဂ် ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ
DVB
·
August 8, 2024
မာ့ခ်ဇူကာဘာ့ဂ် ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ
Donate to DVB

ဖေ့စ်ဘွတ်ခ်နဲ့ Meta ကုမ္ပဏီ ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်ဟာ ပြင်သစ်ဖက်ရှင်သူဌေးကြီး ဘားနတ် အားနိုးလ်ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

Meta ရှယ်ယာစျေးတွေ တက်လာပြီး အာနိုးလ်ရဲ့ LMMH ကုမ္ပဏီရှယ်ယာစျေး ကျသွားတဲ့အတွက် အခုလို အလှည့်အပြောင်း ဖြစ်လာတာပါ။

ဇူကာဘာ့ဂ်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ တိုးသွားပြီး စုစုပေါင်း ၁၇၅ ဒသမ ၅ ဘီလီယံ ကြွယ်ဝလာတယ်လို့ Forbes ရဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဖော်ပြပေးနေတဲ့ ဘီလီယံနာစာရင်းမှာ ဖော်ပြပါတယ်။

Louis Vuitton, Tiffany, Dior, Hennessy စတဲ့ နာမည်ကျော်ဘရန်းတွေ ထုတ်တဲ့ LVMH လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူ အာနိုးလ်ရဲ့ ကြွယ်ဝမှုကတော့ ၁၇၄ ဒသမ ၁ ဘီလီယံ ဖြစ်သွားပြီး ဒေါ်လာ သန်း ၅၀၀ ကျော် လျော့ကျသွားတာဖြစ်ပါတယ်။

တက်စလာနဲ့ SpaceX ထူထောင်သူ အီလွန်မတ်စ်ခ်ကတော့ ကြွယ်ဝမှု ဒေါ်လာ ၂၂၃ ဒသမ ၆ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Amazon တည်ထောင်သူ ဂျက်ဖ်ဘီးဇော့ဖ်ကတော့ ၁၈၃ ဒသမ ၅ ဘီလီယံနဲ့ ဒုတိယအချမ်းသာဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဟာ ပြီးခဲ့တဲ့လတွေအတွင်း အပြောင်းအလဲ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဖက်ရှင်သူဌေးကြီး အာနိုးလ်ဟာ အခုနှစ်အစောပိုင်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာ ရောက်ခဲ့ပေမဲ့ မတ်စ်ခ်က ထိပ်ဆုံးပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဘီးဇော့စ်နဲ့ အာနိုးလ်တို့က နံပါတ်နှစ်နေရာကို တယောက်တလှည့် ယူနေကြတာ ဖြစ်ပါတယ်။

ရှယ်ယာစျေးအတက်အကျတွေက ကြွယ်ဝမှုကို ချက်ချင်းအပြောင်းအလဲ ဖြစ်စေတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013