DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် လက်နက်ချခဲ့သည့် စစ်သည်များ၏ မိသားစုဝင် ၃၀၀ ကျော်ကို ပြန်လွှတ်ပေး
DVB
·
August 8, 2024
လားရှိုးတွင် လက်နက်ချခဲ့သည့် စစ်သည်များ၏ မိသားစုဝင် ၃၀၀ ကျော်ကို ပြန်လွှတ်ပေး
Donate to DVB

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက် လားရှိုးမှာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင် ၃၀၀ ကျော်ကို ဩဂုတ် ၆ ရက်မှာ ပြန်လွှတ်ပေးလိုက်ကြောင်း တော်လှန်ရေးအသိုက်အဝန်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုးမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို စစ်ပွဲနဲ့မသက်ဆိုင်လို့ ကျနော်တို့ ပြန်လွှတ်ပေး‌နေတာ ဖြစ်ပါတယ်။ မဟာမိတ်အချင်းချင်း ကူညီတဲ့အနေနဲ့ SSPP က လမ်းမှာ ကျနော်တို့ကို တဝက်လာပြီးတာ့ ကူညီပေး၊ စစ်သည်မိသားစုဝင်တွကို လာပြီး ကြိုပေးနေတာ ဖြစ်ပါတယ်” လို့ မှတ်တမ်း ဗွီဒီယိုဖိုင်မှာ ရှင်းပြထားပါတယ်။

ဒေသခံ အမျိုးသမီးတဦးကတော့ လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က တပ်မိသားစုဝင်တွေကို မိုင်းရယ်ဘက် လွှတ်ပေးလိုက်တယ်လို့ သိရပြီး SSPP/SSA က လာကြိုတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “တပ်မိသားစုဝင်တချို့ကို ပထမအသုတ်အဖြစ် အယောက် ၃၀၀ ကျော်ကို ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေ အနေနဲ့ လက်နက်ချသွားတဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံမယ် ဆိုတာတော့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီ တပ်မိသားစုဝင်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်‌ ရမခသိမ်းတိုက်ပွဲမှာ ကိုးကန့်တပ် (MNDAA) က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်တွေရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ သူကပြောပါတယ်။

လားရှိုးမြို့က စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ဩဂုတ် ၃ ရက် နေ့လယ်မှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရမခ တိုင်းရုံးမှာရှိတဲ့ တပ်မိသားစုဝင်တွေနဲ့ တပ်ဖွဲ့ဝင် အများအပြားကို ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013