
ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်နဲ့ ရုရှားတို့ဟာ ဥရောပကို ဓာတ်ငွေ့ရောင်းချဖို့ လမ်းစရှာ နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက်၊ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့ဟာ အမေရိကန်ရင်းနှီးမြှုပ်နှံသူ တယောက်ကို ခေါ်လာဖို့ ဆွေးနွေးခဲ့တာပါ။
ရုရှား-ယူကရိန်း စစ်မဖြစ်မီက ဂျာမနီကိုပေးနေတဲ့ နော့စထရင်းပိုက်လိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်တယ်လို့ ဒီအခြေအနေကို သိရှိသူ ၅ ယောက်က ရိုက်တာကို ပြောခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ ရုရှားသမ္မတ ပူတင်ရဲ့ ကိုယ်စားလှယ် ဒီမီထရော့ဗ်လည်း ပါတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးမှုသတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကို မေးမြန်းခဲ့ချိန်မှာ အိမ်ဖြူတော်က “ဘယ်လို ဆွေးနွေးမှုတွေပဲဖြစ်ဖြစ် ရုရှားနဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်း DFC တို့ ဆွေးနွေးမှု ပြုလုပ်ရတာပဲ။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမေရိကန် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေ အကျိုးရှိဖို့အတွက် ဆွေးနွေးမှု ပြုလုပ်တာပါ” လို့ ဖြေကြား ထားပါတယ်။
ဒီမီထရော့ဗ်ဟာ ဂျာမနီကို ရုရှားဓာတ်ငွေ့တွေ ဆက်ရောင်းရေး လှုံ့ဆော်ခဲ့ဖူးကာ ပြီးခဲ့တဲ့လက အမေရိကန်စွမ်းအင်နဲ့ ဘဏ္ဍာရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ အမေရိကန်-ရုရှား စွမ်းအင် အလားအလာအကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမီထရော့ဗ်ရဲ့ ကိုယ်စားလှယ်တွေက မှတ်ချက်ပေးဖို့တော့ ငြင်းဆို ထားပါတယ်။
ဂျာမနီနိုင်ငံဟာ ဥရောပရဲ့ စွမ်းအင် အကြီးဆုံးသုံးတဲ့နိုင်ငံဖြစ်ပြီး ရုရှားဓာတ်ငွေ့တွေ ဂျာမနီကို ပြန်ပို့မဲ့ကိစ္စကို အမေရိကန်က ပြန်စနေပေမဲ့ မလွယ်ဘူးလို့ ဆိုပါတယ်။
နော့စထရင်းပိုက်လိုင်းကို အမေရိကန်နဲ့ အီးယူက ဆန်ရှင်လုပ်ထားပြီး ထရမ့်ပ်က ဆန်ရှင်ကို ပြန်ရုပ်သိမ်းမှပဲ ရမှာဖြစ်ပါတယ်။
ဒါကလည်း သက်တမ်းလယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အနိုင်ရမယ်ဆိုရင် ဖြစ်မြောက်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။
ဒါ့အပြင် ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံတွေက ရုရှားရန်ကို ကာကွယ်ဖို့ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာဘီလီယံချီ သုံးနေချိန်မှာ နော့စထရင်းပိုက်လိုင်းတွေ ပြန်ဖွင့်မဲ့ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြမှာ ဖြစ်ပါတယ်။
Source:Reuters











