DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ တိုက်တွန်း
DVB
·
August 7, 2024
ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ တိုက်တွန်း
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားဦးဆောင်တဲ့ အုံကြွမှုတွေကို အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် ဘက်ပေါင်းစုံမှာ ငြိမ်ငြိမ်ဝပ်ဝပ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုရှိရှိ ရပ်တည်ပြီး သူတို့ရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုတယ်လို့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ်က သြဂုတ် ၆ ရက်က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“အကြမ်းဖက်မှုအားလုံးအတွက် အပြည့်အဝ၊ လွတ်လပ်တဲ့၊ သမာသမတ်ကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီး တရက်အကြာ ကြားဖြတ် အစိုးရတရပ် ဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲသစ် ကျင်းပဖို့အတွက် ဘင်္ဂလားဒေ့ရှ်သမ္မတက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။

သမ္မတရုံးကလည်း နိုင်ငံထဲကနေ ထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာနဲ့ ဆယ်စုနှစ်များစွာ ရန်စရှိခဲ့တဲ့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ဘီဂမ် ခါလီဒါ ဇီယာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီလို့ ကြေညာခဲ့ပါတယ်။

လွှတ်တော်ကို မဖျက်သိမ်းရင် ပိုဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားတွေက ခြိမ်းခြောက်ခဲ့ပါတယ်။ ဟာစီနာကို ဖြုတ်ချခဲ့တဲ့ လှုပ်ရှားမှုဟာ အာဏာရပါတီရဲ့ မဟာမိတ်တွေအတွက် အလုပ်ခွဲတမ်းရရေး နည်းလမ်းကို ဆန့်ကျင်မှုအဖြစ် ဝေဖန်သူတွေက ရှုမြင်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲတုန်းက စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုတွေအတွက် အစိုးရအလုပ်အကိုင်ခွဲတမ်းကို မကျေနပ်ဘဲ ဆန့်ကျင်ဆန္ဒပြရာက လက်ရှိအခြေအနေထိ ဖြစ်ခဲ့တာပါ။

ဇူလိုင်လကစတဲ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူ ၃၀၀ လောက် သေဆုံးပြီး လူထောင်ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013