
အယ်လ်ဘားနီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ သီတင်းပတ်တွေ အများကြီးဖြစ်အပြီးမှာ ဆန္ဒပြပွဲတွေ ပြန်လုပ်ဖို့ တိုက်တွန်းချက်တွေ ထွက်ပေါ်လာအပြီး နိုဝင်ဘာ ၇ ရက်က မြို့တော် တီရာနာရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပညာရေးဝန်ကြီးဌာန အဆောက်အအုံအနားမှာ မျက်နှာဖုံးတွေ တပ်ဆင်ထားသူတချို့ ပါတဲ့ ဆန္ဒပြအုပ်စုတစုကို ရဲတပ်ဖွဲ့က ရေအမြောက်သုံးပြီး ဖြိုခွင်းခဲ့ပါတယ်။
အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေ ရှိတယ်ဆိုတဲ့ ယူဆချက်တွေ၊ အလုပ်အကိုင် ရှားပါးတာနဲ့ ပညာရေးစံနှုန်းတွေ ညံ့ဖျင်းတာတွေအပေါ် မကျေနပ်ချက်တွေကြောင့် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အောက်တိုဘာလလယ်ပိုင်းကတည်းက တီရာနာမြို့လယ်ကို လွှမ်းခြုံထားခဲ့ပြီး တခြားမြို့ကြီးတွေ ဆီကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားမက်ဖြစ်သူ ဂျာရဒ်ကုရှ်နာက ထောက်ခံ အားပေးထားတဲ့ ကမ်းရိုးတန်းဒေသ ဇိမ်ခံစီမံကိန်းတခုကို ဆန့်ကျင်ပြီး နွေရာသီကာလအတွင်း လပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ခုလို မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာတာပါ။
ဒီအခြေအနေက ၂၀၁၃ ခုနှစ်ကစပြီး အုပ်ချုပ်လာခဲ့ပြီး မနှစ်က စတုတ္ထမြောက် သက်တမ်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အက်ဒီရာမာအတွက် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာနေ ပါတယ်။
Source: Reuters











