DVB Logo
Home
နိုင်ငံတကာ
သစ်တောအရည်အသွေးကျဆင်းမှုက သစ်တောပြုန်းတီးမှုထက် ပိုမိုရာသီဥတုကို ထိခိုက်စေ
DVB
·
August 7, 2024
သစ်တောအရည်အသွေးကျဆင်းမှုက သစ်တောပြုန်းတီးမှုထက် ပိုမိုရာသီဥတုကို ထိခိုက်စေ
Donate to DVB

သစ်တောအရည်အသွေး ကျဆင်းသွားတာက  သစ်တောပြုန်းတီးခြင်းထက်ပိုပြီး ရာသီဥတုကို ထိခိုက်စေတယ်လို့ ပညာရပ်ဆိုင်ရာတွေရေးသားဖော်ပြတဲ့ Proceedings of National Academy of Sciences ဂျာနယ်ရဲ့ သြဂုတ် ၅ ရက်မှာ ထုတ်ဝေတဲ့ လေ့လာချက်အရ သိရပါတယ်။

သစ်တောကို အပြောင်ရှင်းတာထက်စာရင် သစ်ခုတ်တာ၊ တောမီးလောင်တာ၊ လူကြောင့်ဖြစ်တဲ့ ပျက်စီးယိုယွင်းမှုပုံစံတွေနဲ့ အမေဇုန်တောရဲ့ ဂေဟစနစ်အပေါ်ကို သဘာဝအနှောင့်အယှက်တွေက ရာသီဥတု ပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုထုတ်လွှတ်နေတယ်လို့ လေ့လာချက်က ပြသထားပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေထက်စာရင် အမေဇုန် မိုးသစ်တောအတွင်း အပြောင်းအလဲတွေကို ပိုတိကျတဲ့ စာရင်းအင်းအတွက် ဝေဟင်ကနေ လေဆာနဲ့ စကင်ဖတ်ခြင်းကနေရတဲ့ အချက်အလက်တွေကို လေ့လာချက်မှာ သုံးခဲ့တာပါ။

လူကြောင့်ဖြစ်တဲ့ သစ်တောအရည်အသွေး ပျက်စီးယိုယွင်းမှုနဲ့ သဘာဝအနှောင့်အယှက် တွေကြောင့် ကာဗွန်ထုတ်လွှတ်မှုက ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၈၃ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

သစ်တော အပြောင်ရှင်းမှုကြောင့်ဖြစ်တဲ့ ကာဗွန်ထုတ်လွှတ်မှုက ၁၇ ရာခိုင်နှုန်း ရှိနေတာပါ။ သုတေသနမှာ သုံးတဲ့နည်းပညာတွေက သစ်တောပြုန်းတီးမှု အများဆုံးဖြစ်နေတဲ့ ဘရာဇီးလ်ဒေသမှာ မကြုံစဖူး အသေးစိတ် အချက်တချက်ကို ပေးစွမ်းခဲ့တယ်လို့ လေ့လာမှုကို ဦးဆောင်ရေးသားသူ အမေရိကန်နိုင်ငံ  Wake Forest တက္ကသိုလ်က အဝေးအာရုံခံကျွမ်းကျင်သူ အိုဗီဒီယူစီလီက ပြောပါတယ်။

သစ်တောပြုန်းတီးမှုကို သာမန်ဂြိုလ်တုဓာတ်ပုံတွေကို ကြည့်ပြီး အလွယ်တကူ သိရှိနိုင်ပေမဲ့ သစ်တောဆွေးမြည့်ပြီး အရည်အသွေးကျဆင်းတာကို ထောက်လှမ်းဖို့က ပိုခက်တယ်လို့ စီလီက ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013