DVB Logo
Home
မြန်မာသတင်း
ဇလွန်ဒေသခံ ၃ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 7, 2024
ဇလွန်ဒေသခံ ၃ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မှာ PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇလွန်မြို့နယ်မှာ သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေက PDF တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အမျိုးသမီးတယောက် အပါအဝင် အရပ်သား ၃  ဦးအထိ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်က လာဖမ်းတာ။ အဖမ်းခံရတဲ့သူတွေက အရပ်သားတွေချည်းပါ။ PDF တွေကို ထောက်ပံ့တာကြောင့်ဆိုပြီး ဖမ်းခံရတာ။ မိုးမိုးဆိုတဲ့ ကောင်မလေးကို လာဖမ်းတော့ စစ်သားတွေချည်းပဲ။ ကောင်မလေးရဲ့အိမ်ကို လှည့်ဝိုင်းပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရသူ ၃ ဦးထဲမှာ အသက် ၁၉ နှစ်ကျော် အမျိုးသမီးတဦးနဲ့ အသက် ၂၀ ကျော် အမျိုးသား ၂ ဦး ဖြစ်ပြီး ရဲစခန်းကို ဖမ်းခေါ် သွားတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူ အားလုံးကို ရဲစခန်းမှာ ထားတယ်လို့ သိရတယ်။ အားလုံး ၃ ယောက်လို့ သိရတယ်။ မိန်းကလေးတယောက်လည်း ပါတယ်။ စကစက ဖမ်းတဲ့ အဓိက အချက်က PDF နဲ့ အဆက်အသွယ်လုပ်ထားလို့ ဖမ်းတာတဲ့” လို့ ပြောပါတယ်။

ဇလွန်မြို့နယ်မှာ ရဲနဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ဘက်က PDF တွေ လာရောက် တည်းခိုနေတယ်ဆိုကာ စစ်ဆေးနေတာဖြစ်ပြီး PDF တွေ လက်မခံဖို့၊ ရောက်လာရင် ချက်ချင်းအကြောင်းကြားဖို့ သတိပေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇလွန်မြို့နယ်မှာ အဖမ်းခံရသူ အယောက် ၄၀၀ ကျော်အထိရှိပြီး ပြန်လွတ်လာသူ ၁၀၀ ကျော်နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013