DVB Logo
Home
မြန်မာသတင်း
ဇလွန်တွင် ကမ်းပါးပြိုကျပြီး နေအိမ် ၅ လုံးကို အရေးပေါ်ဖျက် ပြောင်းရွှေ့ 
DVB
·
August 12, 2026
Photo: Ko Lin
Photo: Ko Lin
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မှာ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၅ လုံးကို အရေးပေါ် ဖျက်သိမ်းပြီး ကမ်းပြိုဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရုတ်တရက် ကမ်းပါးပြိုကျလာလို့ ဇလွန်မြို့နယ် ရေပေါက်ကြီး ကျေးရွာက နေအိမ် ၅ လုံးကို သြဂုတ် ၁၁ ရက် ညနေပိုင်းမှာ ကြိုတင်ဖျက်သိမ်းပြီး ကမ်းပြို ဘေးလွတ်တဲ့ မိသားစုဝင်တွေရဲ့နေအိမ်တွေနဲ့ အသိမိတ်ဆွေတွေဆီ ယာယီပြောင်းရွှေ့နေရတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မပြောင်းရင်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လို့ ပြောင်းရွှေ့ရတာ။ ဘေးလွတ်တဲ့နေရာတွေမှာ ယာယီပြောင်းရွှေ့နေနေပါတယ်။ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားနေတာ။ ကမ်းပါးက ရုတ်တရက်ပြိုကျလာတာ။ မြစ်ကမ်းဘေးရှိ ကမ်းပြို အန္တရာယ် ကျရောက်နိုင်တဲ့ နေအိမ်တွေကို အရေးပေါ်အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့ခဲ့တာ” လို့ ပြောပါတယ်။

ကမ်းပါးပြိုကျမှုမှာ သြဂုတ် ၁၂ ရက်အထိဆက်လက် ဖြစ်ပွားနေပြီး လူတွေ၊ တိရိစ္ဆာန်တွေ၊ ထိခိုက်တာ၊ သေဆုံးတာ မရှိဘဲ နေအိမ်တွေကိုသာ အရေးပေါ် ကြိုတင်ဖျက်သိမ်း ပြောင်းရတာလို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလို့ ရေပေါက်ကြီးကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာက ကြိုတင်ပြောင်းရွှေ့ရတဲ့နေအိမ် ၅ လုံးက အိမ်ထောင်စု ၅ စုဟာ နေအိမ် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013