DVB Logo
Home
မြန်မာသတင်း
အိမ်မဲမြို့နယ်၌ မှတ်ပုံတင်လုပ်ခ ငွေကျပ် ၅၀,၀၀၀ အထိပေးနေရ 
DVB
·
August 6, 2024
အိမ်မဲမြို့နယ်၌ မှတ်ပုံတင်လုပ်ခ ငွေကျပ် ၅၀,၀၀၀ အထိပေးနေရ 
Donate to DVB

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ပန်းခင်းစီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)တွေ လုပ်ပေးနေပြီး အနည်းဆုံးငွေကျပ် ၅၀,၀၀၀ အထိပေးမှ ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိမ်မဲမြို့နယ်မှ  ၂ ရက်ကစတင်ပြီး စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေအထိ ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်  (မှတ်ပုံတင်)တွေ လုပ်ပေးနေပြီး မှတ်ပုံတင် ၁ ခုကို အနည်း ငွေကျပ် ၅၀,၀၀၀ အထိပေးမှ မှတ်ပုံတင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်မဲမြို့နယ်က ဒေသခံတဦးက “မှတ်ပုံတင်မရှိသူတွေကို ပန်းခင်းစီမံချက်နဲ့ အခမဲ့လုပ်ပေးမယ် ပြောလို့ သွားလုပ်တာ။ တကယ်သွားလည်း လုပ်ရော ၅၀,၀၀၀ အထိပေးရတာ။ ကိုယ်လည်း ဒီလောက်တော့ ပေးရမယ် မထင်ဘူးပေါ့။ ၁၀,၀၀၀၊ ၅,၀၀၀ လောက်တော့ ပေးရမယ်လို့ ထင်တာ” လို့  ပြောပါတယ်။

အဲ့ဒီလိုမှတ်ပုံတင် ဆင်းလုပ်ပေးတဲ့အဖွဲ့က တောင်းတဲ့ငွေအတိုင်း မပေးရင် သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်နဲ့ ကျေးရွာ ထောက်ခံစာ၊ ရဲစခန်းနဲ့ဆည်မြောင်း ထောက်ခံစာ စတဲ့ မလိုအပ်တဲ့အချက်တွေ တောင်းယူရစ်ပြီး မပြည့်စုံရင် လုပ်မပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နောက်ထပ် ဒေသခံတဦးက “စစ်ကောင်စီ လက်အောက်ခံဌာနတွေအကုန်နီးပါး ပိုက်ဆံကတော့  ရက်ရက်ရောရောကို တောင်းတာ။ တောင်းတဲ့ပမာဏအတိုင်း မပေးနိုင်လို့ မှတ်ပုံတင် မလုပ်ရတဲ့သူတွေ မနည်းဘူးရှိတယ်။ မှတ်ပုံတင် မလုပ်လို့မရှိရင် အဖမ်းခံရနိုင်တယ်လို့ ခြောက်သေးတယ်။ အထက်ကတော့ ခေါင်းစဉ်ကောင်းပါတယ်။ အောက်ခြေမှာတော့ (-)  တလွဲတွေချည်းပဲ”လို့ ပြောပါတယ်။

အိမ်မဲမြို့နယ်မှာ မှတ်ပုံတင်အသစ်လုပ်ရာမှာ တောင်းတဲ့အတိုင်း ငွေပေးနေရတဲ့အပြင် သက်ပြည့်(မှတ်ပုံတင်) နိုင်ငံသား စိစစ်ရေးကတ် ပြန်လဲလှယ်ရာမှာလည်း အနည်းဆုံးငွေ ၅၀၀၀၀ အထိပေးနေရတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ 

ဒါ့အပြင် အိမ်မဲမြို့နယ်မှာ စစ်အာဏာမသိမ်းခင်အချိန်က နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်လုပ်တဲ့အခါ ငွေပေးရတာတွေရှိပေမဲ့ ထောင်ဂဏန်းအထိပဲပေးရပြီး အခုလို သောင်းချီပေးရတာမျိုးမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013