ပဲလေ့နောက်ခံလူ ဂူဟီကို ပေါင်သန်း ၆၀ ၀န်းကျင်ဖြင့် ခေါ်ယူရန် နယူးကာဆယ်နီးစပ်
DVB
·
August 6, 2024

နယူးကာဆယ်အသင်းဟာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မာ့ခ်ဂူဟီကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အသက်၂၄နှစ်ရှိ ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ယူရို ၂၀၂၄မှာ အင်္ဂလန် အသင်းရဲ့ အာမခံကစားသမား ဖြစ်လာခဲ့သူပါ။
တီလီဂရပ်ဖ်သတင်းစာရဲ့အဆိုအရ ဂူဟီဟာ ခရစ္စတယ်ပဲလေ့ကနေ ထွက်ခွါတော့မှာဖြစ်ပြီး နယူးကာဆယ်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်နေ တယ်လို့ဖော်ပြပါတယ်။
နောက်ခံလူဂူဟီဟာ လူငယ်ကစားသမားဘဝက ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ပေါ် လာသူဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဆွမ်ဆီးစီးတီးကနေ ခရစ္စတယ်ပဲလေ့အသင်းဆီပြောင်းရွှေ့ လာသူဖြစ်ပါတယ်။
Photo-Reuters










