DVB Logo
Home
မြန်မာသတင်း
ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် ဗိုလ်မှူးချုပ် ၂ ဦး ဖမ်းဆီးခံရဟု စစ်ကောင်စီ ဝန်ခံ
DVB
·
August 5, 2024
ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် ဗိုလ်မှူးချုပ် ၂ ဦး ဖမ်းဆီးခံရဟု စစ်ကောင်စီ ဝန်ခံ
Donate to DVB

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့ အရာရှိစစ်သည်တွေ   သြဂုတ် ၃ ရက်မှာ MNDAA ကိုးကန့်တပ်ရဲ့ ဖမ်းဆီးတာခံထားရတယ်လို့ စစ်ကောင်စီဘက်က ဝန်ခံပါတယ်။

သြဂုတ် ၄ ရက်ညမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတွေ ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ပြီး သြဂုတ် ၃ ရက်အထိ အဆက်အသွယ်ရကာ ညနေပိုင်းကစပြီး အဆက်အသွယ်မရဘဲ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောပါတယ်။

“အရာရှိကြီးတွေကိုယ်တိုင် ဦးဆောင်ပြီး တိုက်ပွဲကိုတိုက်ခဲ့ပါတယ်။ သြဂုတ် ၃ ရက် ညနေ ၆ နာရီခွဲအထိ အဆက်အသွယ်ရတယ်။ အဲဒီနောက် အဆက်အသွယ်မရတော့ဘူး။ အတည်ပြုဆဲ သတင်းတွေအရ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ သိရတယ်။”

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေနဲ့ တိုက်ခိုက်လာတဲ့ ရန်သူတွေအပေါ် ခုခံတိုက်ခိုက်ခဲ့တဲ့ အရာရှိ စစ်သည်များအပေါ် အသိအမှတ်ပြုပြီး စစ်ကောင်စီဘက်မှ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ရမခနဲ့နီးစပ်သူတဦးက “ရမခတိုင်းစစ်ဌာနချုပ် ကျသွားပြီဆိုတာ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုယ်တိုင် ဝန်ခံလိုက်တာပါ။ တိုက်ပွဲအနေနဲ့က ခွာစစ်ဆင်မယ့် တပ်တွေအနေနဲ့ လမ်းတလျှောက် ကိုးကန့်တပ်တွေနဲ့ ပစ်ခတ်မှုတော့ရှိမှာပဲ” လို့ သုံးသပ် ပြောဆိုပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်တွေက သိမ်းပိုက်ခဲ့ပြီး ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးနဲ့ အရာရှိ စစ်သည် ၄၀၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ MNDAA က ဇူလိုင် ၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013