DVB Logo
Home
မြန်မာသတင်း
ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် ဗိုလ်မှူးချုပ် ၂ ဦးတို့ကို MNDAA ဖမ်းမိ
DVB
·
August 5, 2024
ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် ဗိုလ်မှူးချုပ် ၂ ဦးတို့ကို MNDAA ဖမ်းမိ
Donate to DVB

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကို ကိုးကန့်တပ် MNDAA က အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရာရှိစစ်သည်နဲ့ မိသားစု ၄၀၀၀ ကျော် ကိုးကန့်တပ် MNDAA ထံ လက်နက်ချ အညံ့ခံခဲ့တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိ ရပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးကို ဇူလိုင် ၃၁ ရက်၊ စကခ (၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို သြဂုတ် ၁ ရက်နဲ့  ဗိုလ်ချုပ်စိုးတင့်ကို သြဂုတ် ၃ ရက်မှာ MNDAA တပ်တွေက ဖမ်းမိခဲ့တာလို့  စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"မနေ့ကတည်းက ရမခထဲက လူတွေလေယာဥ်နဲ့ ရွှေ့နေတာ။ တိုင်းမှူးက ကျန်ခဲ့ပြီး အဖမ်းခံရတာဖြစ်မယ်။ ရမခသတင်းက ရှုပ်နေဆဲပဲ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဗျူဟာမှူးလည်းရှိတယ်။ ဒုတိုင်းမှူးကလည်း သေပြီလို့လည်း ကြားတယ်။ ဆေးရုံတင်ထားတယ်လည်း ကြားတယ်" လို့ပြောပါတယ်။

MNDAA ကိုးကန့်တပ်တွေက ရမခတိုင်းကို သိမ်းပိုက်ထားတယ်ဆိုပေမဲ့ တချို့တပ်တွေက မြို့ထဲမှာ ခွာစစ်ဆင်ရင်း အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ရမခနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ရမခ ကျတာလည်း မှန်တယ်၊ အဖမ်းခံရတာလည်း မှန်တယ်။ ဒါပေမဲ့ ခွာစစ်ဆင်ရင်း ပြန်တိုက် နေတဲ့ တပ်တွေလည်းရှိတယ်။ လတ်တလော ရမခကို နေပြည်တော်က တိုက်ရိုက်ဦးစီးနေတယ်။”

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်တွေက သိမ်းပိုက်ခဲ့ပြီး အရာရှိစစ်သည်တွေ လက်နက်ချ အညံ့ခံတာနဲ့ပတ်သက်လို့  စစ်ကောင်စီက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို  သြဂုတ် ၃ ရက် နေ့လယ်ပိုင်းမှာ  MNDAAက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့တကွ ထုတ်ပြန် ကြေညာထားပါတယ်။

ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နေရာမှာ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းမှာ အစားထိုး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နဲ့ ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်နေပေမဲ့  သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013