DVB Logo
Home
ဆောင်းပါး
YBS ပေါ်က ခါးများ
DVB
·
August 4, 2024
YBS ပေါ်က ခါးများ
Donate to DVB

မြောက်ဥက္ကလာ ခြောက်ကွေ့အနီးက ကားမှတ်တိုင်မှာ ကာကီရောင်ဘောင်းဘီအရှည်နဲ့ ဂျင်းဂျာကင် ဝတ်ဆင်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးဟာ  အဖော်ဖြစ်သူ နှစ်ဦးနဲ့အတူ YBS ကားကို စောင့်နေပါတယ်။

သူ စောင့်နေတဲ့ကားမလာခင် ဘောင်းဘီအိတ်ထဲက မားဗီးယစ်ဆေးလိပ်ဘူးကို ထုတ်ကာ ဘူးထဲမှ ဆေးလိပ်တလိပ်ကိုယူ နှုတ်ခမ်းဝတေ့ထားပြီး အင်္ကျီအိတ်ထဲမှ ဇစ်ပိုမီးခြစ်ထုတ်ကာ မီးညှိလိုက်ပါတယ်။ အဖော်ပါလာသူနှစ်ဦးကို ဆေးလိပ်ဘူးကမ်းပေးရာ တဦးသာသောက်ပြီး ကျန်တဦးကတော့ မသောက်ပေ။

ကားစောင့်ရင်း ဆေးလိပ်သောက်နေတဲ့ အမျိုးသားရဲ့ သွင်ပြင်မှာ အေရိုဆော့ဖိနပ်ကို ဝတ်ထားပြီး ကာကီရောင်ဘောင်းဘီအရှည်ကို adidias အင်္ကျီအဖြူလက်တိုနဲ့ တွဲစပ်ဝတ်ကာ အပေါ်ကနေ ဂျင်းဂျာကင်ကို ထပ်ဝတ်ထားပါတယ်။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ဆေးလိပ်ကို ဟန်ပါပါသောက်နေတဲ့ သူ့ရဲ့စတိုင်ဟာ မသိရင် ရုပ်ရှင်မင်းသားလို့ ထင်မှတ်ရပါတယ်။

သူနဲ့အဖော်ပါလာသူနှစ်ဦးက ဝတ်စားဆင်ယင်မှုတွေကလည်း ခပ်သန့်သန့်ဖြစ်လို့ ကားမှတ်တိုင်က အမျိုးသမီးတွေ ငေးကြည့်ကြပါတယ်။ ထူးခြားတာက သုံးဦးစလုံး ကျောပိုးအိတ်ကိုယ်စီ လွယ်ထားပြီး သူတို့ရဲ့မျက်လုံးတွေက ဘေးဘီဝဲယာကိုမကြည့်ဘဲ YBS ကားအလာကိုသာ ကြည့်နေကြပါတယ်။

ကားမှတ်တိုင်မှာရှိနေတဲ့ ကောင်မလေးတစုကတော့ စနောက်ပြောင်နေတဲ့ ပျံကျအလုပ်သမားတွေနားက ထွက်ကာ ဆေးလိပ်သောက်ရင်း ကားစောင့်နေတဲ့ အမျိုးသား သုံးဦးနားမှာ ရပ်ရင်း ကားစောင့်နေပါတယ်။

ပျံကျအလုပ်သမားတွေဘေးက ထွက်လာတဲ့ ကောင်မလေးတွေဟာ ဆေးလိပ်ကို ဟန်ပါပါသောက်နေတဲ့ အမျိုးသားရဲ့ ချောမောလှပတဲ့ ရုပ်သွင်ပြင်ကို ကြည့်ပြီး မိန်းမချင်းချင်း မသိမသာ စနောက်ရင်း ရယ်မောနေကြပါတော့တယ်။

မိန်မချင်း စနောက်ပြောင်နေရင်း YBS ၄၂ ကားရောက်လာပြီး ကောင်မလေးတွေနဲ့အတူ မှတ်တိုင်မှာ ဆေးလိပ်သောက်နေတဲ့ အမျိုးသား ၃ ဦးလည်း တက်သွားပါတယ်။

နောက်ရက် လူမှုကွန်ရက်စာမျက်နှာမှာတော့ “YBS ၄၂ ကားပေါ်မှာ ကျမပိုက်ဆံအိတ်လေး ခါးပိုက်နှိုက်ခံရလို့ မှတ်ပုံတင်နဲ့ အရေးကြီးစာရွက်စာတမ်း ပါသွားလို့ပါ၊ ကူညီပေးကြပါအုံး” Post တခု တက်လာပါတော့တယ်။

ခြောက်ကွေ့ ကားမှတ်တိုင်မှာ ကားရပ်စောင့်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားက တခြားသူတော့ မဟုတ်ပါဘူး။ ခါးလောကမှာ နာမည်ကြီးတဲ့ မင်းသား (အမည်လွှဲ) ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ နာမည်ထုတ်ဖော်မပြောပေမဲ့ ခါးလောကမှာ အရပ် ၅ ပေ ၇ လက်မနဲ့ ရုပ်ရည်သန့်ပြန့်ပြီး မင်းသားကဲ့သို့ ချောမောလှပတဲ့ သူ့ကို ခါးလောကမှာ မသိသူ ရှားပါတယ်။

၂၀၀၇ ခုနှစ်ကစလို့ ယနေ့ချိန်ထိတိုင် ခါးလောက (ခါးပိုက်နှိုက်) မှာ မင်းသားကို မသိသူ မရှိပေ။

အရင်က မြောက်ပိုင်းခရိုင် ၈ မြို့နယ်ကို အပိုင်စားရထားပြီး ခါးပိုက်နှိုက်ပညာကို လက်ဆင့်ကမ်း သင်ပေးခဲ့လို့ တပည့်တပန်းတွေ ပေါများကာ လက်ရှိအချိန်မှာတော့ ကိုယ်တိုင်မနှိုက်စားတော့ဘဲ တပည့်တွေ နှိုက်လို့ရလာတဲ့အထဲ ဆရာကြေးသာ ယူတော့တာ ဖြစ်ပါတယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013