DVB Logo
Home
နိုင်ငံတကာ
ဟားရစ်နှင့် စကားစစ်ထိုးရန် Fox News ကမ်းလှမ်းမှုကို ထရမ့် သဘောတူ 
DVB
·
August 3, 2024
ဟားရစ်နှင့် စကားစစ်ထိုးရန် Fox News ကမ်းလှမ်းမှုကို ထရမ့် သဘောတူ 
Donate to DVB

အမေရိကန်ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟားရစ်နဲ့ စကားစစ်ထိုးဖို့ ကမ်းလှမ်းခဲ့တဲ့ Fox News ရဲ့ ကမ်းလှမ်းမှုကို လက်ခံ ခဲ့ပါတယ်။ 

စက်တင်ဘာ ၄ ရက်မှာ စကားစစ်ထိုးဖို့ ကမ်းလှမ်းတာကို လက်ခံခဲ့တဲ့ အကြောင်း Truth Socialမှာ ထရမ့်က ပို့စ်တင်ခဲ့တာပါ။ 

“စည်းမျဉ်းတွေကတော့ အိပ်ငိုက်နေတဲ့ ဂျိုးဘိုင်ဒန်နဲ့ကျွန်တော် စကားစစ်ထိုးတုန်းကလို စည်းမျဉ်း တွေပါပဲ။ ဒါပေမဲ့ ပရိသတ်တွေ အပြည်နဲ့ပြုလုပ်မှာပါ။  ဘိုင်ဒန်ကို သူ့ပါတီရဲ့ ပြုမူဆက်ဆံပုံက ဆိုးပါတယ်” လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ပို့စ်တင် ထားခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီပို့စ်ကို ဖျက်ပစ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ပို့စ် အသစ်တစ်ခုတင်ခဲ့တာ တွေ့ရပါတယ်။ 

ထရမ့်ဟာ အဲဒီနေ့မှာ ဟားရစ်က စကားစစ်ထိုးဖို့ကို လက်ခံ မခံ မသိသေးလို့ မြို့တော်ခန်းမမှာ ပြုလုပ်မယ့် အဆိုပြုချက်ကို ဖျက်ထားတယ်ဆိုတဲ့ ပို့စ်ကို တင်ထားပါတယ်။ 

စက်တင်ဘာ ၁၇ ရက်မှာ သမ္မတလောင်း ၂ ဦး စကားစစ်ထိုးဖို့ Fox News ရဲ့ ကမ်းလှမ်းမှုကို ဟားရစ်ကတော့ အဆင်သင့်ပဲလို့ ပြီးခဲ့တဲ့လက အကြောင်းပြန်ထားပါတယ်။ 

အစောပိုင်းကတော့ ထရမ့်က ဟားရစ်ဟာ တရားဝင်ရွေးချယ်ခံထားရတဲ့ သမ္မတလောင်းမဟုတ်ဘဲ ဘိုင်ဒန်ရဲ့ အရံလူအဖြစ်သာရှိတာကြောင့် စကားစစ်ထိုးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ဟားရစ်ဟာ သမ္မတဟောင်းအိုဘားမားရဲ့ ထောက်ခံမှုလည်း မရသေးဘူးလို့ ဆိုခဲ့ပါတယ်။

အဲဒီလို ထရမ့်ပြောဆိုခဲ့ပြီး နောက်ရက်မှာပဲ အိုဘားမားက ဟားရစ်ကို ထောက်ခံမှုပေးခဲ့ပြီး လက်ရှိ အချိန်မှာ ပါတီကိုယ်စားလှယ်တွေရဲ့ မဲပေးမှုနဲ့ ဟားရစ်ဟာ သမ္မအဖြစ် ယှဉ်ပြိုင်ဖို့ တရားဝင် ရွေးချယ်ခံရသူ ဖြစ်လာပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013