DVB Logo
Home
မြန်မာသတင်း
ကံမအချုပ်က အချုပ်သားများ သောက်သုံးရေမရသဖြင့် အခက်တွေ့
DVB
·
August 2, 2024
ကံမအချုပ်က အချုပ်သားများ သောက်သုံးရေမရသဖြင့် အခက်တွေ့
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ မြို့မရဲစခန်း အချုပ်က အချုပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ မြို့ခံတွေနဲ့ အချုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကံမမြို့မရဲစခန်းမှာ အချုပ်သား ၆ ဦးရှိပြီး သောက်သုံးရေမရှိတဲ့အတွက် အိမ်ကငွေပို့ပြီး ရဲတွေက ဝယ်ပေးတဲ့အခါမှ ရေချိုးရတယ်လို့ သိရပါတယ်။

အချုပ်သားတွေဟာ ရေမချိုးရတာနဲ့ ကြမ်းပိုးနဲ့ ခြင် ကိုက်တဲ့အတွက် ယားနာရောဂါတွေ ဖြစ်နေပြီး ဆေးကုသခွင့်လည်း မရကြဘူးလို့ ဆိုပါတယ်။

အိမ်ကငွေမပို့တဲ့ အချုပ်သားတွေဟာ ညဘက် မအိပ်ရဘဲ ၁၅ မိနစ်တကြိမ် လူဦးရေ အ‌ေရအတွက်စာရင်း အော်ကြရတယ်လို့လည်း သိရပါတယ်။

ကံမအချုပ်နဲ့ နီးစပ်သူတဦးက “သောက်သုံးရေတောင် ဝယ်သောက်နေရတယ်။ ဝယ်သောက်တာတောင် ပြေးတဲ့ ရဲနဲ့ မလုပ်ပေးချင်တဲ့ရဲနဲ့ အချုပ်သားတွေခမျာ၊ မတရား စကစရဲ့ ဥပဒေအကြောင်းပြ နှိပ်စက်တာတမျိုး လူ့ဂုဏ်သိက္ခာအပြည့်မရတဲ့ ငရဲခန်းထဲ တိရစ္ဆန်တွေလို ညှဉ်းဆဲတာ ခံနေရတယ်။ တရားရုံးသွားရတဲ့ အချုပ်ကားက ပျက်လို့ အချုပ်သားတွေဆီက ပိုက်ဆံကောက်ပြီး သုံးဘီးငှား တရားရုံးပို့တာကျ လွန်တာပေါ့။ အချုပ်သားတွေ ရေကို ဖလားနဲ့ တနေ့မှ ၅ ခွက်လောက်ပဲ ချိုးရတာ၊ ချိုးရတဲ့ရေတောင် နပ်မှန်အောင် မပေးချင်ကြဘူး။ ပိုက်ဆံပေးထားတာကို အိမ်သာသုံးဖို့ရေတောင် ချွေတာနေရတယ်” လို့ ပြောပါတယ်။

ကံမမြို့မရဲစခန်းမှာ ထောက်ခံစာတစောင်ကို ကျပ် ၁၀,၀၀၀ အထိ ပေးနေရပြီး မြို့နယ်မှူးရဲ့ ဖိအားပေး အနိုင်ကျင့်မှုကြောင့် အခုနှစ်အတွင်း ရဲတပ်သား ၃ ဦးထက်မနည်း ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013