DVB Logo
Home
နိုင်ငံတကာ
အင်စတာဂရမ်နှင့် ဖေ့စ်ဘွတ်ခ် ကြော်ငြာများကြောင့် Meta အမြတ်ငွေထိုးတက်
DVB
·
August 1, 2024
အင်စတာဂရမ်နှင့် ဖေ့စ်ဘွတ်ခ် ကြော်ငြာများကြောင့် Meta အမြတ်ငွေထိုးတက်
Donate to DVB

ဒီနွေဦးမှာ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်ကြော်ငြာ ရောင်းအားတက်တဲ့အတွက် မိခင်ကုမ္ပဏီ Meta ဟာ အမြတ်ငွေ ထိုးတက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

၂၀၂၄  ဒုတိယသုံးလပတ်မှာ  ဝင်ငွေ ဒေါ်လာ ၃၉ ဘီလီယံကျော် အထိရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်အလားတူ သုံးလပတ်ထက် ၂၂ ရာခိုင်နှုန်း တိုးရတာဖြစ်ပြီး သူ့ဝက်ဘ်ဆိုက်တွေရဲ့ သဘောအရ လူများများဆီ ကြော်ငြာရောက်လေလေ၊ ကြော်ငြာခ ပိုရလေလေ ဖြစ်ပါတယ်။

အသိဉာဏ်တု (AI) စီမံကိန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာတောင်မှ အမြတ်က ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံနီးပါး အထိ မြင့်တက်ခဲ့ပါတယ်။

Meta အုပ်စုဟာ  သုံးသူတွေရဲ့ မျက်နှာပြင်အချက်အလက်တွေနဲ့ တခြားအချက်အလက်တွေကို သဘောတူညီချက်မရဘဲ စုဆောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တက္ကဆက်ပြည်နယ်အစိုးရနဲ့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံပေးပြီး ကျေအေးဖို့လည်း သဘောတူခဲ့ပါတယ်။

Meta ထူထောင်သူနဲ့ စီအီးအို မာ့ခ်ဇက်ကာဘာ့ဂျ်က သူတို့ အေအိုင်စနစ်ဟာ ဒီနှစ်ကုန်ကျရင် ကမ္ဘာမှာ လူသုံးအများဆုံး အေအိုင်အထောက်အကူတရပ် ဖြစ်လာမယ်လို့ ပြောထားပါတယ်။ 

ဖေ့စ်ဘွတ်ခ်ဟာ အေအိုင်နည်းပညာနဲ့ ပကတိပုံရိပ်ယောင် (Virtual Reality) နည်းပညာတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံလောက်အထိ အရှုံးပေါ်နေပေမဲ့ ကြော်ငြာဝင်ငွေကြောင့် ကောင်းကောင်းရပ်တည်နေနနိုင်တာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ AI အတွက် ဒေါ်လာ ၄၀ ဘီလီယံလောက်အထိ သုံးမယ်လို့လည်း Meta က ထုတ်ပြန်ထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013