DVB Logo
Home
နိုင်ငံတကာ
အီရန်သမ္မတသစ် ကျမ်းကျိန်
DVB
·
July 31, 2024
အီရန်သမ္မတသစ် ကျမ်းကျိန်
Donate to DVB

အီရန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မာဆွတ် ပဇက်ခီယန်က ဇူလိုင် ၃၀ ရက်မှာ ကျမ်းကျိန်ခဲ့ပါတယ်။

“အစ္စရေး ကျဆုံးပါစေ၊ အမေရိကန် ကျဆုံးပါစေလို့” ကြွေးကြော်သံတွေ နောက်ခံနဲ့ မိန့်ခွန်းပြောနေတဲ့ သမ္မတသစ်က “ကလေးတွေကိုသတ်ဖို့ လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ သူတွေက မွတ်စလင်တွေကို လူသားဆန်မှုအကြောင်း သင်ကြားပေးနိုင်မှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီးနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့နဲ့ ပြည်တွင်းမှာ လူမှုလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ ကတိကဝတ်တွေနဲ့အတူ ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာ၊ အသိဉာဏ်ပညာ၊ လက်တွေ့အကျိုးဖြစ်တဲ့ နည်းလမ်းတွေအပေါ် အခြေခံပြီး ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့ ထိရောက်တဲ့ဆက်ဆံမှုတွေ ရရှိဖို့ ချဉ်းကပ်သွားမယ်လို့ သမ္မတသစ်က ပြောကြားခဲ့ပါတယ်။

သူ့အောင်ပွဲဟာ အီရန်နဲ့ အနောက်ကမ္ဘာ ဆက်ဆံရေး အေးခဲနေတာကို ပြုပြင်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြတာပါ။

ဒါပေမဲ့ သူ သမ္မတဖြစ်ဖြစ်ချင်းမှာပဲ အီရန်မှာရှိနေတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ကို အစ္စရေးက သတ်ဖြတ်ခဲ့တဲ့အတွက် အခြေအနေတွေ ပိုတင်းမာလာမယ်လို့ ယူဆရပါတယ်။

တဖက်မှာလည်း လက်ဘနွန်မှာရှိတဲ့ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးအကြားမှာ အတင်းမာဆုံးအခြေအနေ ရောက်ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013