DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် သယံဇာတဝန်ကြီး လွတ်ရက်စေ့ပြီး လွတ်မြောက်
DVB
·
July 31, 2024
ကချင်ပြည်နယ် သယံဇာတဝန်ကြီး လွတ်ရက်စေ့ပြီး လွတ်မြောက်
Donate to DVB

ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ဇူလိုင်  ၂၉ ရက်မှာ လွတ်ရက်စေ့ပြီး မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။

ဦးဒါရှီလဆိုင်းကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀ (ခ) အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို NLD ပါတီရုံးဆောက်ဖို့ ကျောက်မျက်လုပ်ငန်းရှင်တွေဆီက ငွေကြေးတောင်းခံရယူတယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုပြီး အရေးယူခဲ့တာလို့ စစ်ကောင်စီပိုင် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဦးဒါရှီလဆိုင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်က အမိန့်ချခဲ့တာဖြစ်ပြီး ပုံမှန်လျှော့ရက်၊ အထူးလျှော့ရက်တွေနဲ့ ရက်ပြည့်လို့ လွတ်လာခဲ့ရတာလို့ ဝန်ကြီးက ပြောပါတယ်။

“လွတ်ရက်စေ့ပြီး ထွက်ခဲ့တာပါ။ ထောင်ကပေးတဲ့ ပုံမှန်လျှော့၊ အထူးလျှော့ရက်တို့ ဆိုတာရှိတယ်၊ အဲဒါတွေရတော့ ၅ နှစ်ဆိုပေမဲ့ အဲလိုလျှော့ရက်တွေရတော့ လွတ်ရက်စေ့တာပါ။”

မြစ်ကြီးနားထောင်ထဲမှာ ကောင်းမွန်စွာ နေထိုင်ခဲ့တယ်ဆိုပေမဲ့ အကျဉ်းထောင်ဖြစ်တဲ့အတွက် ထောင်လိုပဲနေထိုင်ရတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

သူနဲ့အတူ ထောင်ကျခံခဲ့ရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်လည်း ကျန်းမာစွာရှိနေကြောင်းလည်း ပြန်လည် ပြောပြပါတယ်။ 

ဦးဒါရှီလဆိုင်းက "ထောင်ထဲမှာတော့ ကောင်းကောင်းမွန်မွန် နေခဲ့စားခဲ့ရပါတယ်။ ထောင်ဆိုတော့ ထောင်လိုပဲပေါ့၊ ဆရာ(ဒေါက်တာခက်အောင်)လည်း နေကောင်းကျန်းမာပါတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ် ဝန်ကြီးတချို့ ပြန်လည် လွတ်မြောက်လာပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်ကတော့ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013