DVB Logo
Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်၌ မိုးများပြီး အာလူးများ အချိန်မတန်သေးဘဲ တူးနေရ
DVB
·
July 31, 2024
ပင်လောင်းမြို့နယ်၌ မိုးများပြီး အာလူးများ အချိန်မတန်သေးဘဲ တူးနေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ နောင်တရားဒေသတွေမှာ ဒီနှစ် မိုးများတာကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ အာလူးတွေကို အချိန်မတန်သေးဘဲ တူးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာလူးစိုက်တောင်သူတဦးက “ဇူလိုင် နောက်ဆုံးပတ်မှာ မိုးအဆက်မပြတ်လို့ အာလူးခြံတွေ ရေမြုပ်သွားပြီး အာလူးဥ ပုပ်သွားမှာ ကြောက်ကြလို့ အချိန်မတန်ဘဲ တူးလိုက်ရတယ်။ အာလူးပုပ်ရင် ပိုရှုံးတယ်။ ခုတောင် သုံးရက်လောက်ပဲ ရေဝင်သေးတယ်။ ပုပ်တာ အရမ်းများနေပြီ။ သဘာဝတရားကြီးကို လွန်ဆန်လို့မှမရတာ။ မရတော့ဘူး။ အာလူးက ပုပ်နေပြီ”လို့ ပြောပါတယ်။

ပင်လောင်း၊ နောင်တရားဒေသမှာ အာလူးကို အဓိကစိုက်ကြပြီး  တနှစ်ကို မိုရာသီနဲ့ နွေရာသီမှာ ရေသွင်းစိုက်ပျိုးကြတယ်လို့ ပြောပါတယ်။

အာလူးစိုက် တောင်သူတဦးက “နှစ်တိုင်းလိုလို အာလူးပုပ်တာ၊ အာလူးဈေးမရှိတာနဲ့ ကြုံရတယ်။ ခုတော့ ပွဲရုံမှာ အာလူးဈေးက တပိဿာ ၅၀၀၀ ကျပ်အထိ ဈေးရှိတယ်ပြောပေမဲ့ နေအိမ်အထိ ပွဲစားတွေ လာဝယ်တာက တပိဿာ ၂၅၀၀ ကျပ်လောက်ပဲ ရတယ်။ လမ်းအခြေအနေ၊ ခေတ်လည်းမကောင်းနေတော့ ရွာကပဲ ရောင်းကြတယ်”လို့ ပြောပါတယ်။

ပင်လောင်း၊ နောင်တရားဒေသမှာ အာလူးမျက်နီ၊ အာလူးမားကစ်၊ ဘေဘီလုံအာလူး အမျိုးအစား ၃ မျိုး စိုက်ပျိုးပြီး ဒေသခံတွေရဲ့အဓိက ဝင်ငွေလည်း အာလူးစိုက်ပျိုးမှုအပေါ် မူတည်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013