ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ကနေဒါနိုင်ငံကို ရောက်နေပြီး လေကြောင်းကာကွယ်ရေးနဲ့ ဆောင်းရာသီပြင်ဆင်မှုကို အဓိက အာရုံစိုက်ဖို့ ရည်ရွယ်တဲ့အကြောင်း ပြောပါတယ်။
ဇလန်းစကီးဟာ ကနေဒါနိုင်ငံ ကယ်ဂါရီမြို့ကို ရောက်နေတာဖြစ်ပြီး ကနေဒါနိုင်ငံ ၃ ရက်ကြာ အလည်အပတ်ခရီး ရောက်နေတာပါ။
ယူကရိန်းသမ္မတနဲ့ ဇနီးတို့ရဲ့ ကနေဒါခရီးစဉ်က စက်တင်ဘာ ၉ ရက်ကနေ ၁၁ ရက်အထိ ကြာမှာဖြစ်တယ်လို့ ကနေဒါအစိုးရရုံးက ထုတ်ပြန်ထားပါတယ်။
ဇလန်းစကီးဟာ ခရီးစဉ်မှာ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ရိုက်တာကလည်း ဖော်ပြပါတယ်။
ကယ်ဂါရီမြို့၊ တိုရွန်တိုနဲ့ နော့ဘေးတို့လည်း ဇလန်းစကီးရဲ့ ခရီးစဉ်ထဲမှာ ပါပါတယ်။
ဒါ့အပြင် ဇလန်းစကီးဟာ ဘန်းမြို့မှာ ကနေဒါလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမဲ့ ဖိုရမ်မှာလည်း အမှာစကားပြောရမှာ ဖြစ်ပါတယ်။
ဇလန်းစကီးရဲ့ ကနေဒါခရီးစဉ်ဟာ ကာကွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ပြန်ထူထောင်ရေးတို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တဲ့အကြောင်း ကနေဒါအစိုးက ထုတ်ပြန်ထားပါတယ်။
ဇလန်းစကီးရဲ့ ကနေဒါခရီးစဉ်က ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကို ဆက်ပြီး ထောက်ပံ့ပေးဖို့ဖြစ်ကာ တရားမျှတပြီး ရေရှည်ငြိမ်းချမ်းရေးကို ကနေဒါနိုင်ငံက တွန်းအားပေးနိုင်ရေး ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











