DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင် ထုံးဘိုတွင် ရှေ့တန်းထွက်ရမည့် စစ်ကောင်စီတပ်ကြပ် ၁ ဦး ဆွဲကြိုးချ သေဆုံး
DVB
·
July 30, 2024
ပြည်ခရိုင် ထုံးဘိုတွင် ရှေ့တန်းထွက်ရမည့် စစ်ကောင်စီတပ်ကြပ် ၁ ဦး ဆွဲကြိုးချ သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ထုံးဘိုနယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သူ နေထိုင်ရာ အိမ်ထောင်သည်လိုင်းခန်းမှာ ဇူလိုင် ၃၀  ရက် မနက်အစောပိုင်းက ဆွဲကြိုးချပြီး သေဆုံးသွားတယ်လို့ ဥသျှစ်ပင် ရဲစခန်းကနေ သိရပါတယ်။

သေဆုံးသူဟာ ကပစ ၁၆ မသုန်တပ်က၊ တပ်ကြပ် ဆန်းမောင် ဖြစ်ပြီး အသက် ၄၀  ဝန်းကျင်ရှိပါတယ်။

ဒီမနက်အစောပိုင်းက သူ နေထိုင်တဲ့အိမ်ထောင်သည် လိုင်းခန်း ထုပ်တန်းကို ကြိုးနဲ့ချည်ပြီး တဖက်ကို သူ့လည်ပင်းကို လျှောကွင်းလုပ်ချည်နှောင်ပြီး ဆွဲကြိုးချသေခဲ့တာလို့  သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"မနက် ၂ နာရီလောက်က ဖြစ်တာ။ ညဘက်စောစောပိုင်းမှာ လင်မယားချင်း ရန်ဖြစ်ကြသေးတယ်။ အဓိက က သူက ရှေ့တန်းထွက်ဖို့ စာရင်းထဲမှာလည်း ပါတယ်။ အဲဒါ ရုံးကပြန်လာကတည်းက  မိန်းမကို ပြဿနာရှာနေတာ။ နင်လည်းမနေနဲ့၊ ငါလည်း မနေဘူးဆိုပြီး မိန်းမနဲ့ စကားများပြီး ထွက်သွားတယ်။ သူ့မိန်းမလည်း ဘေးလိုင်းခန်းကို ထွက်သွားတာ၊ နောက် ည ၁၂ နာရီလောက်မှာ ကင်းစောင့်ပြီးပြန်လာတော့ အရက်သောက်လာတာ၊ နောက် ဘေးလိုင်းခန်းမှာ သွားနေတဲ့ သူ့အမျိုးသမီးလုပ်သူက အသံမကြားလို့ သွားကြည့်တော့မှ  ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကိုတွေ့တာ။” 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်ရင်းရုံးနဲ့ ထုံးဘိုရဲစခန်းကို အကြောင်းကြားခဲ့ပြီးနောက်  ထုံးဘိုရဲစခန်းကနေ ဥသျှစ်ပင်ရဲစခန်းကို ဆက်လက် အကြောင်းကြားရာမှာ ဥသျှစ်ပင်စခန်းက လာပြီး စစ်ဆေးပြီး အလောင်းလာယူသွားတယ်လို့ သိရပါတယ်၊၊

အခုလို တပ်ကြပ် ဆန်းမောင် အဆုံးစီရင် သေဆုံးရတဲ့ အကြောင်းအရင်းကို  အသေးစိတ်သိရဖို့  ဥသျှစ်ပင်ရဲစခန်းကို  DVB ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့  ဖုံးမကိုင်ပါဘူး။

မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013